Events

အမျိုးသားပို့ကုန်မဟာဗျူဟာရှိ သစ်တောထွက်ပစ္စည်းကဏ္ဍ လုပ်ငန်းအဖွဲ့အစည်းအဝေးကျင်းပခြင်း

Updated At: 2020-12-15 21:51:15

အမျိုးသားပို့ကုန်မဟာဗျူဟာရှိ သစ်တောထွက်ပစ္စည်းကဏ္ဍ လုပ်ငန်းအဖွဲ့အစည်းအဝေးကျင်းပခြင်း

အမျိုးသားပို့ကုန်မဟာဗျူဟာ၏ ရွေးချယ်ထားသော ဦးစားပေးကဏ္ဍများအလိုက်  အကောင်အထည် ဖော်မည့်ကာလကို ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ၅ နှစ်ကာလ သတ်မှတ်လျာထား ဆောင်ရွက်လျက် ရှိပြီး ဆက်လက်၍ သစ်တောကဏ္ဍသည် ၂၀၂၀-၂၀၂၅ တွင် ဦးစားပေးကဏ္ဍတစ်ခုအဖြစ် အကောင် အထည်ဖော် ဆောင်ရွက်သွားရန်အတွက် ရွေးချယ်ဆောင်ရွက်ပြီး ကဏ္ဍအလိုက် လုပ်ငန်းအဖွဲ့အစည်း အဝေးကို ၂၀၁၉ ခုနှစ် ၊ဇူလိုင်လ ၅ ရက်နေ့တွင် နံနက် (၁၃:၀၀) နာရီ မှ ညနေ (၁၄:၃၀) အထိ  ရန်ကုန်မြို့၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ ကျင်းပပြလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်း၀ယ်ရေးဝန်ကြီးဌာန ၊ မြန်မာကုန်သွယ်မှုမြှင့်တင် ရေးအဖွဲ့မှညွှန်ကြားရေးမှူး၊နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့်ဆည်မြောင်းဝန်းကြီးဌာနမှ အဆင့်မြင့်အရာရှိများ၊ သစ်အခြေခံပရိဘောဂလုပ်ငန်း ရှင်များ အသင်းတို့မှတာ၀န်ရှိသူများနှင့်ပုဂ္ဂလိကအသင်းအဖွဲ့များမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အစည်အဝေးတွင်သစ်တောထွက်ပစ္စည်းတင်ပို့နေသောနိုင်ငံများမှ သတင်းအချက်အလက် အပြည့်အဝ ရရှိရေး၊ တရားမဝင်လမ်းကြောင်းဖြင့် တင်ပို့နေမှုမှတရားဝင်လမ်းကြောင်း ပေါ်ရောက်ရှိရေး၊ ကုန်စည် ပြပွဲ သတင်းအချက်အလက်များအပြည့်အဝရရှိရေး၊ Websiteကိုကျယ်ကျယ်ပြန့်ပြန့်အသုံးပြု နိုင်ရေး စသည်ဖြင့် သစ်တောထွက်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးပြောကြားခဲ့ပါသည်။

                                                                                                                                         NES Unit

https://v2.myantrade.gov.mm/storage/410/20190703_132705.jpg