Events
အမျိုးသားပို့ကုန်မဟာဗျူဟာရှိ ရော်ဘာလုပ်ငန်းကဏ္ဍ လုပ်ငန်းအဖွဲ့အစည်းအဝေးကျင်းပခြင်း
Updated At: 2020-12-15 21:35:34
အမျိုးသားပို့ကုန်မဟာဗျူဟာရှိ ရော်ဘာလုပ်ငန်းကဏ္ဍ လုပ်ငန်းအဖွဲ့အစည်းအဝေးကျင်းပခြင်း
အမျိုးသားပို့ကုန်မဟာဗျူဟာ၏ ရွေးချယ်ထားသော ဦးစားပေးကဏ္ဍများအလိုက် အကောင်အထည်ဖော်မည့်ကာလကို ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ၅ နှစ်ကာလ သတ်မှတ်လျာထား ဆောင်ရွက်လျက် ရှိပြီးဆက်လက်၍ ရော်ဘာလုပ်ငန်းကဏ္ဍသည်၂၀၂၀-၂၀၂၅တွင် ဦးစားပေးကဏ္ဍတစ်ခုအဖြစ်အကောင် အထည်ဖော် ဆောင်ရွက်သွားရန်အတွက် ရွေးချယ်ဆောင်ရွက်ပြီး ကဏ္ဍအလိုက် လုပ်ငန်းအဖွဲ့အစည်း အဝေးကို ၂၀၁၉ ခုနှစ် ၊ဇူလိုင်လ ၅ ရက်နေ့တွင် နံနက် (၁၃:၀၀) နာရီ မှ ညနေ (၁၄:၃၀) အထိ ရန်ကုန် မြို့၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ ကျင်းပပြလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်း၀ယ်ရေးဝန်ကြီးဌာန ၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာန၊စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်းကြီးဌာနမှအဆင့်မြင့်အရာရှိများ၊သစ်အခြေခံ ပရိဘော ဂ လုပ်ငန်းရှင်များအသင်းတို့မှ တာ၀န်ရှိသူများနှင့် ပုဂ္ဂလိကအသင်းအဖွဲ့များမှ တာဝန်ရှိသူများတက် ရောက်ခဲ့ကြပါသည်။
အစည်အဝေးတွင် နိုင်ငံ၏ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားပို့ကုန်မဟာဗျူဟာကို ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ၅ နှစ်တာကာလ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ယခုအခါ ၂၀၂၀- ၂၀၂၅ စီမံချက်အတွက် အမျိုးသားပို့ကုန်မဟာဗျူဟာကို ထပ်မံတိုးချဲ့ဆောင်ရွက်နိုင်ရန်နှင့် တရားမဝင် ကိစ္စရပ်များအတွက် စည်းမျဉ်းစည်းကမ်းများနှင့်ဥပဒေမူဘောင်များကို ရွေးချယ်ချမှတ် လုပ်ဆောင်ရန် နှင့်ရော်ဘာအခေါက်ထိန်းသိမ်းရာတွင် နည်းပညာပံ့ပိုးမှုလိုအပ်ချက်များကြောင့်လက်ရှိတွင်နည်းပညာ နည်းပါးနေသည့်အတွက်ကြောင့်အထွက်နှုန်းနည်းပါးနေမှုများကိုထည့်သွင်းဆွေးနွေးပြောကြားခဲ့ပါ သည်။
NES Unit
More Events
Medical Fair India 2025 ပြပွဲ ကျင်းပမည်
Date: 27th to 29 th March, 2025
IRANEXPO 2025 (7th Edition) ကျင်းပမည်
Date: April 28th to May 2, 2025
BRICS 2025 Global Agriculture Exhibition and Forum ကျင်းပပြုလုပ်မည်
Date: 5th to 7th May, 2025