မန္တလေးကုန်စည်ဒိုင်၌ ဩဂုတ်လ ဒုတိယပတ်တွင် နှမ်းမျိုးစုံ ဈေးကွက်အခြေအနေမှာ အရောင်းအဝယ်အေးပြီး ဈေးနိမ့်လာကြောင်း၊ ယခင်လတွင် နှမ်းနက်မှာနယ်အစုံမှ ဝင်ရောက်မှု
ရှိပြီး အရောင်းအဝယ်သွက်နေသော်လည်း ဩဂုတ်လ ဒုတိယပတ်တွင် အရောင်းအဝယ်အေးကာ ဈေးနိမ့်လာကြောင်း သိရသည်။
နှမ်းနက်(စမုံ)၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၆၉၅၀၀၀ မှ ၇၀၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၆၅၀၀၀၀မှ ၇၄၀၀၀၀၊ ယခင်လ ကျပ် ၇၇၀၀၀၀ မှ ၈၅၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ၄၀၀၀၀ကျပ်၊ ယခင်လထက် ကျပ် ၇၅၀၀၀မှ ၁၅၀၀၀၀ ခန့်ဈေးနိမ့်လာသည်။
နှမ်းဖြူ(ဂျပန်) ၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ၊ ယခင်တစ်ပတ် ကျပ် ၃၄၀၀၀၀ မှ ၃၄၅၀၀၀၊ ယခင်လ ကျပ် ၃၆၅၀၀၀မှ ၃၉၅၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ် အတိုင်း ဈေးငြိမ်နေပြီး၊ ယခင်လထက် ကျပ် ၂၅၀၀၀ မှ ၅၀၀၀၀ ခန့် ဈေးနိမ့်လာသည်။
နှမ်ညို ၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၂၅၅၀၀၀မှ ၂၆၅၀၀၀၊ ယခင် တစ်ပတ် ကျပ် ၂၅၀၀၀၀မှ ၂၅၅၀၀၀၊ ယခင်လ ကျပ် ၂၉၀၀၀၀မှ ၃၀၀၀၀၀ဖြစ်သည်။ ယခင်တစ်ပတ် ထက် ကျပ် ၅၀၀၀ မှ ၁၀၀၀၀ ဈေးမြင့်လာပြီး၊ ယခင်လထက် ၃၅၀၀၀ ကျပ်ခန့် ဈေးနိမ့်လာသည်။