ဩဂုတ်လ ဒုတိယပတ်တွင် မန္တလေးကုန်စည်ဒိုင်၌ ပဲစင်းငုံနီနှင့် မတ်ပဲမှာ လက်ကျန်များပြီး အရောင်းအဝယ်အေးကာ ဈေးနိမ့်လာကြောင်းသိရသည်။
ပဲစင်းငုံနီ ၆၀ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ၂၅၇၀၀၀ ကျပ် ၊ ယခင်တစ်ပတ် ၂၆၂၀၀၀ကျပ်၊ ယခင်လ ၂၆၁၀၀၀ ကျပ်ဖြစ်သည်။ ယခင်တစ်ပတ်ထက် ၅၀၀၀ ကျပ်၊ ယခင်လထက် ၄၀၀၀ ကျပ် ခန့်ဈေးနိမ့်လာသည်။
မတ်ပဲ ၆၀ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၂၇၀၀၀၀ မှ ၂၇၅၀၀၀ ၊ ယခင်တစ်ပတ် ကျပ် ၂၈၂၀၀၀မှ ၂၈၃၀၀၀ ၊ ယခင်လ ကျပ် ၂၈၀၀၀၀မှ ၂၈၄၀၀၀ဖြစ်သည်။ ယခင်လ ထက် ကျပ် ၉၀၀၀ မှ ၁၀၀၀၀ ၊ ယခင်တစ်ပတ်ထက် ကျပ် ၈၀၀၀ မှ ၁၂၀၀၀ ခန့် ဈေးနိမ့်လာသည်။