Local News

ပဲစင်းငုံနှင့် မတ်ပဲမှာ လက်ကျန်များပြီး အရောင်းအဝယ်အေးနေ

Last Updated:

ဇူလိုင်လတတိယပတ်တွင်ပဲစင်းငုံနှင့်မတ်ပဲများမှာ လက်ကျန်များနေပြီး  အရောင်းအဝယ် အေးနေကြောင်းသိရသည်။

ပဲစင်းငုံ၆၀ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင် ၂၆၁၀၀၀ကျပ်၊ ယခင် တစ်ပတ် ၂၆၆၀၀၀ကျပ်၊ ယခင်လ ကျပ် ၂၅၅၀၀၀မှ ၂၅၆၀၀၀ဖြစ်သည်။ ယခင်တစ်ပတ်ထက် ၅၀၀၀ကျပ်နိမ့်ကျလာပြီး၊ ယခင်လထက် ကျပ် ၅၀၀၀မှ ၆၀၀၀ ခန့် ဈေးမြင့်လာသည်။

မတ်ပဲ၆၀ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၂၈၀၀၀၀မှ ၂၈၃၀၀၀၊ ယခင်တစ်ပတ် ၂၈၄၀၀၀မှ ၂၈၅၀၀၀၊ ယခင်လ ၂၈၀၀၀၀ကျပ်ဖြစ်သည်။ ယခင်တစ်ပတ် ထက် ၂၀၀၀မှ ၄၀၀၀ ဈေးနိမ့်လာပြီး၊ ယခင်လထက် အနိမ့်စဈေးငြိမ်နေပြီး၊ အမြင့်စ ၃၀၀၀ကျပ် ဈေးနိမ့်လာသည်။

Category: Local News