Local News

ပဲကြီးနှင့် ထောပတ်ပဲများ အရောင်းအဝယ်ပုံမှန်ရှိနေ

Last Updated:

ဇူလိုင်လ တတိယပတ်တွင် ပဲကြီးနှင့် ထောပတ်ပဲများမှာ အရောင်းအဝယ်ပုံမှန်ရှိနေကြောင်း သိရသည်။ ပဲကြီးကို ပြည်တွင်းပဲကြော်၊ ပဲလှော်လုပ်ငန်းရှင်များနှင့် ပြည်ပမှအနည်းငယ်သာ ဝယ်ယူမှုရှိနေကြောင်း၊ ထောပတ်ပဲမှာ ပြည်တွင်းနေ့စဉ်စားသုံးမှုတွင်      စားတော်ပဲပြုတ်ပြီး လျှင် ထောပတ်ပဲပြုတ်သည် စားသုံးမှုအများဆုံးဖြစ်သည်။ ပဲကြီးကဲ့သို့ ထောပတ်ပဲကိုလည်း ပဲကြော်၊ ပဲလှော်အဖြစ်အသုံးပြုခြင်းကြောင့် ဈေးကွက်ရှိသည့် ပဲတစ်မျိုးလည်းဖြစ်ကြောင်းသိရသည်။

ပဲကြီး(လတ်) ၅၅.၂၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၃၂၀၀၀၀မှ ၃၃၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၃၁၀၀၀၀မှ ၃၂၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၃၀၀၀၀၀မှ ၃၂၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ၁၀၀၀၀ ကျပ်၊ ယခင်လထက် ကျပ် ၁၀၀၀၀မှ ၂၀၀၀၀ခန့် မြင့်တက်လာသည်။

ပဲကြီး(သေး) ၅၅.၂၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၂၅၀၀၀၀မှ ၃၀၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၂၉၀၀၀၀မှ ၃၀၅၀၀၀၊ ယခင်လ ကျပ် ၂၆၀၀၀၀မှ ၂၈၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက်  ၄၀၀၀၀ကျပ်၊ ယခင်လထက် ကျပ် ၁၀၀၀၀မှ ၂၀၀၀၀ ခန့်ဈေးမြင့်တက် လာသည်။

ပဲထောပတ် ၅၆.၂၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၃၁၀၀၀၀မှ ၃၁၅၀၀၀၊ ယခင်လ ကျပ် ၃၁၀၀၀၀မှ ၃၂၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၃၁၀၀၀၀မှ ၃၁၅၀၀၀ဖြစ် သည်။ ယခင်တစ်ပတ်ထက် ၅၀၀၀ကျပ်ခန့်ဈေးနိမ့်လာပြီး၊ ယခင်လအတိုင်းဈေးငြိမ်နေပါသည်။

Category: Local News