Local News

နှမ်းမျိုးစုံ အရောင်းအဝယ်သွက်နေ

Last Updated:

ဩဂုတ်လနောက်ဆုံးပတ်တွင်မန္တလေးကုန်စည်ဒိုင်၌နှမ်းမျိုးစုံဈေးကွက်အခြေအနေမှာလှောင်လက်သမားများအဝယ်လိုက်လာသည့်အတွက် အရောင်းအဝယ်သွက်နေကြောင်းသိရသည်။

နှမ်းနက်(စမုံ)၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၇၃၀၀၀၀ မှ ၇၇၇၀၀၀၊ ယခင်တစ်ပတ် ကျပ် ၇၃၀၀၀၀မှ ၈၀၀၀၀၀၊ ယခင်လ ကျပ်  ၇၅၀၀၀၀ မှ  ၈၂၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ၃၀၀၀ ကျပ်၊ ယခင်လထက် ကျပ်  ၂၀၀၀၀မှ‌ ၄၃၀၀၀ ခန့်ဈေးနိမ့်လာသည်။

နှမ်းဖြူ(ဂျပန်) ၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၃၁၀၀၀၀မှ ၃၃၅၀၀၀၊ ယခင်တစ်ပတ် ကျပ် ၃၃၅၀၀၀ မှ ၃၅၀၀၀၀၊ ယခင်လ ကျပ် ၃၅၀၀၀၀မှ ၃၈၅၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၁၅၀၀၀ မှ ၂၅၀၀၀၊ ယခင်လထက် ကျပ် ၄၀၀၀၀ မှ ၅၀၀၀၀ ခန့် ဈေးနိမ့်လာသည်။

နှမ်းဖြူ(ဗမာ) ၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၂၇၀၀၀၀မှ ၂၇၅၀၀၀၊ ယခင်တစ်ပတ် ၂၈၅၀၀၀ ကျပ်၊ ယခင်လ ကျပ် ၂၉၀၀၀၀မှ ၂၉၇၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၁၀၀၀၀ မှ ၁၅၀၀၀၊ ယခင်လထက် ကျပ် ၂၀၀၀၀ မှ ၂၂၀၀၀ ခန့် ဈေးနိမ့်လာသည်။

နှမ်ညို ၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၂၆၀၀၀၀မှ ၂၆၅၀၀၀၊ ယခင် တစ်ပတ် ကျပ် ၂၇၀၀၀၀မှ ၃၀၀၀၀၀၊ ယခင်လ ကျပ် ၂၇၀၀၀၀မှ ၂၉၅၀၀၀ဖြစ်သည်။ ယခင်တစ်ပတ် ထက် ကျပ် ၁၀၀၀၀ မှ ၃၅၀၀၀၊ ယခင်လထက် ကျပ် ၁၀၀၀၀ မှ ၃၀၀၀၀ ခန့် ဈေးနိမ့်လာသည်။

Category: Local News