ဩဂုတ်လတတိယပတ်တွင်မန္တလေးကုန်စည်ဒိုင်၌ပဲကြီးမှာလက်ကျန်နည်းနေပြီးနယ်သမားများမှဝယ်လိုအားရှိနေခြင်းကြောင့်ဈေးနှုန်းမြင့်တက်လာပြီးအရောင်းအဝယ်ပုံမှန်ရှိနေကြောင်းသိရသည်။
ပဲကြီး(ကြီး) ၅၅.၂၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၃၉၀၀၀၀ မှ ၄၀၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၃၈၀၀၀၀ မှ ၃၉၀၀၀၀ ၊ ယခင်လ ကျပ် ၃၇၀၀၀၀ မှ ၃၈၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ၁၀၀၀၀ကျပ်၊ ယခင်လထက် ၂၀၀၀၀ ကျပ် ခန့်ဈေးမြင့်တက်လာ သည်။
ပဲကြီး(လတ်) ၅၅.၂၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၃၆၀၀၀၀ မှ ၃၇၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၃၅၅၀၀၀ မှ ၃၇၅၀၀၀၊ ယခင်လ ကျပ် ၃၅၀၀၀၀ မှ ၃၆၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် အနိမ့်စ ၅၀၀၀ ကျပ် ခန့်မြင့်တက်လာပြီး အမြင့်စ ၅၀၀၀ ကျပ် ခန့်ဈေးနိမ့်လာကာ၊ ယခင်လထက် ၁၀၀၀၀ ကျပ် ခန့် ဈေးမြင့်တက်လာသည်။
ပဲကြီး(သေး) ၅၅.၂၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၃၀၀၀၀၀ မှ ၃၂၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၃၀၀၀၀၀ မှ ၃၄၀၀၀၀၊ ယခင်လ ကျပ် ၃၀၀၀၀၀ မှ ၃၂၀၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်အတိုင်း အနိမ့်စ ဈေးငြိမ်နေပြီး၊ အမြင့်စ ၂၀၀၀၀ ကျပ် ခန့် ဈေးမြင့်လာကာ၊ ယခင်လအတိုင်းဈေးငြိမ်နေပါသည်။