Local News

ဆီကြိတ်ဖတ်များ ဈေးကောင်းရပြီး အရောင်းအဝယ်သွက်နေ

Last Updated:

မွေးမြူရေးအစာစက်ရုံများမှအများဆုံးဝယ်ယူမှုရှိသည့်ဆီကြိတ်ဖတ်များအားမန္တလေးကုန်စည်ဒိုင်ဈေးကွက်တွင်ပဲမျိုးစုံ၊ဆီထွက်သီးနှံ၊ပြောင်းဖူးစေ့များကဲ့သို့ဈေးကွက်တစ်ခုရှိနေပြီး၊အောက်တိုဘာလနောက်ဆုံးပတ်တွင်ဆီကြိတ်ဖတ်များဈေးကောင်းရပြီးအရောင်းအဝယ်သွက်နေကြောင်းသိရသည်။

၂၀၂၅ခုနှစ် အောက်တိုဘာလ နောက်ဆုံးပတ်တွင် ဖြစ်ပေါ်လျက်ရှိသော ဆီကြိတ်ဖတ် ဈေးနှုန်းများမှာ -

မြေပဲဖတ် တစ်ပိဿာဈေးနှုန်းများမှာ ယခုတစ်ပတ် ကျပ် ၆၀၀၀ မှ ၆၂၀၀၊ ယခင်တစ်ပတ် ကျပ် ၅၇၀၀ မှ ၅၈၀၀၊ ယခင်လ ကျပ် ၅၂၀၀ မှ ၅၃၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၃၀၀ မှ ၄၀၀၊ ယခင်လထက် ကျပ် ၈၀၀ မှ ၉၀၀ ခန့် ဈေးမြင့်လာသည်။

 နှမ်းဖတ် တစ်ပိဿာဈေးနှုန်းများမှာ ယခုတစ်ပတ် ကျပ် ၃၆၀၀ မှ ၃၈၀၀၊ ယခင်တစ်ပတ် ကျပ် ၃၅၀၀ မှ ၃၆၀၀၊ ယခင်လ  ၃၃၀၀ ကျပ် ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၁၀၀ မှ ၂၀၀၊  ယခင်လ ထက် ကျပ် ၃၀၀ မှ ၅၀၀ ခန့် ဈေးမြင့်လာသည်။

 နေကြာဖတ် တစ်ပိဿာဈေးနှုန်းများမှာ ယခုတစ်ပတ် ကျပ် ၃၀၀၀ မှ ၃၂၀၀၊ ယခင်တစ်ပတ် ကျပ် ၂၈၀၀ မှ ၃၀၀၀၊ ယခင်လကျပ် ၂၇၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ၂၀၀ ကျပ်၊ ယခင်လထက် ကျပ် ၃၀၀ မှ ၅၀၀ခန့် ဈေးမြင့်လာသည်။

မုန်ညှင်းဖတ် တစ်ပိဿာဈေးနှုန်းများမှာ ယခုတစ်ပတ် ကျပ် ၃၁၀၀ မှ ၃၂၀၀၊ ယခင်တစ်ပတ် ကျပ် ၃၀၀၀ မှ ၃၂၀၀၊ ယခင်လ ကျပ် ၂၇၀၀ မှ ၂၆၅၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် အနိမ့်စ ၁၀၀ကျပ် ခန့် ဈေးမြင့်လာပြီး အမြင့်စ ဈေးငြိမ်နေကာ၊ ယခင်လထက် ၄၀၀ ကျပ် ခန့် ဈေးမြင့် လာသည်။

Category: Local News