မန္တလေးကုန်စည်ဒိုင်တွင်အောက်တိုဘာလနောက်ဆုံးပတ်၌ပဲကြီးများလက်ကျန်နည်းပြီးဈေးမြင့်တက်လာကာအရောင်းအဝယ်ပုံမှန်ရှိနေကြောင်းသိရသည်။
ပဲကြီး(ကြီး) ၅၅.၂၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၄၆၀၀၀၀ မှ ၄၈၀၀၀၀ ၊ ယခင်တစ်ပတ် ကျပ် ၄၅၀၀၀၀ မှ ၄၆၀၀၀၀၊ ယခင်လ ကျပ် ၄၂၀၀၀၀ မှ ၄၃၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၁၀၀၀၀ မှ ၂၀၀၀၀ ခန့်ဈေးမြင့်လာပြီး၊ ယခင်လထက် ကျပ် ၄၀၀၀၀ မှ ၅၀၀၀၀ ခန့်ဈေးမြင့်လာသည်။
ပဲကြီး(လတ်) ၅၅.၂၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၄၃၀၀၀၀ မှ ၄၅၀၀၀၀ ၊ ယခင်တစ်ပတ် ကျပ် ၃၈၀၀၀၀ မှ ၄၃၀၀၀၀၊ ယခင်လ ကျပ် ၃၆၀၀၀၀ မှ ၄၀၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၂၀၀၀၀ မှ ၅၀၀၀၀ ခန့်ဈေးမြင့်လာပြီး၊ ယခင်လထက် ကျပ် ၅၀၀၀၀ မှ ၇၀၀၀၀ ခန့်ဈေးမြင့်လာသည်။
ပဲကြီး(သေး) ၅၅.၂၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၃၃၀၀၀၀ မှ ၃၅၀၀၀၀ ၊ ယခင်တစ်ပတ် ကျပ် ၃၃၀၀၀၀ မှ ၃၅၀၀၀၀၊ ယခင်လ ကျပ် ၃၀၀၀၀၀ မှ ၃၃၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်အတိုင်း ဈေးငြိမ်နေကာ၊ ယခင်လထက် ကျပ် ၂၀၀၀၀ မှ ၃၀၀၀၀ ခန့်ဈေးမြင့်လာသည်။