နိုဝင်ဘာပထမပတ်တွင်ကထိန်ရာသီဖြစ်သည့်အတွက်မန္တလေးကုန်စည်ဒိုင်၌အရောင်းအဝယ်ပြုလုပ်သောကုန်သည်လုပ်ငန်းရှင်များ စုံစုံလင်လင်မရှိသေးသည့်ကာလဖြစ်ခြင်းကြောင့်ပို့ကုန်ပဲများနှင့် ပြည်တွင်းသုံးပဲများအရောင်းအဝယ်အေးနေသော်လည်းမြေပဲဆန်မှာအသစ်များဝင်ရောက်နေပြီးအရောင်းအဝယ်သွက်နေကြောင်းသိရသည်။
မြေပဲဆန် (S1 လုံးဆံ) ၁ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၈၂၀၀ မှ ၈၄၅၀၊ ယခင်တစ်ပတ် ကျပ် ၈၀၀၀ မှ ၈၇၀၀၊ ယခင်လ ကျပ် ၇၀၀၀ မှ ၈၁၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် အနိမ့်စ ၁၀၀ ကျပ် ခန့်ဈေးမြင့်လာပီး အမြင့်စ ၂၅၀ ကျပ် ခန့်ဈေးနိမ့်လာကာ ၊ ယခင်လထက် ကျပ် ၃၅၀ မှ ၁၂၀၀ ခန့် ဈေးမြင့်လာသည်။
မြေပဲဆန် (S1ဆီဆံ) ၁ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၇၅၀၀ မှ ၇၇၅၀၊ ယခင်တစ်ပတ်
ကျပ် ၇၆၀၀ မှ ၈၀၀၀၊ ယခင်လ ကျပ် ၇၁၀၀ မှ ၇၅၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၁၀၀ မှ ၂၅၀ ခန့်ဈေးမြင့်လာပီး၊ ယခင်လထက် ကျပ် ၂၅၀ မှ ၄၀၀ ခန့် ဈေးမြင့်လာသည်။
မြေပဲဆန် (အနီလုံးဆံ) ၁ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၈၀၀၀ မှ ၈၄၀၀၊ ယခင်တစ်ပတ် ကျပ် ၇၇၀၀ မှ ၈၄၀၀၊ ယခင်လ ကျပ် ၇၀၀၀ မှ ၇၈၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် အနိမ့်စ ၃၀၀ ကျပ် ခန့်ဈေးမြင့်လာပီး အမြင့်စ ဈေးငြိမ်နေကာ၊ ယခင်လထက် ကျပ် ၆၀၀ မှ ၁၀၀၀ ခန့် ဈေးမြင့်လာသည်။