Local News

မုံရွာမြို့တွင်း စားဖိုဆောင်သီးနှံပေါက်ဈေးနှုန်းအခြေအနေ

Last Updated:

      မုံရွာမြို့အတွင်း စက်တင်ဘာလ တတိယအပတ်၌ ဖြစ်ပေါ်နေသော အခြေခံစားသောက်ကုန် ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း  တစ်ပြည် ၆၈၀၀မှ ၆၉၀၀ကျပ်၊ ဧရာမင်း တစ်ပြည် ၅၅၀၀မှ ၆၀၀၀ ကျပ်၊ ပဲဆီ တစ်ပိဿာ ၁၄၅၀၀ကျပ်၊ နှမ်းဆီ တစ်ပိဿာ ၁၃၅၀၀မှ ၁၄၀၀၀ကျပ်၊ နေကြာဆီ တစ်ပိဿာ  ၁၈၀၀၀ကျပ်၊ စားအုန်းဆီ တစ်ပိဿာ ၇၅၅၀ ကျပ်တို့ ဖြစ်ကြောင်းသိရပါသည်။

မုံရွာမြို့တွင် စားဖိုဆောင်သုံး စားသောက်ကုန်များဖြစ်သော ကြက်သွန်နီ တစ်ပိဿာ ၇၀၀မှ ၁၅၀၀ ကျပ်၊ ကြက်သွန်ဖြူ(ရှမ်း) တစ်ပိဿာ ၉၀၀၀ ကျပ်၊ ကြက်သွန်ဖြူ (ဗမာ) တစ်ပိဿာ ၁၂၀၀၀မှ ၁၃၀၀၀ကျပ်၊ ကြက်သွန်ဖြူ (ကြူကုပ်) တစ်ပိဿာ  ၁၈၀၀၀ကျပ်၊ အာလူး တစ်ပိဿာ ၅၀၀၀မှ ၆၀၀၀ကျပ်၊ ချင်းတက် တစ်ပိဿာ ၄၀၀၀မှ ၄၅၀၀ကျပ်၊ နနွင်းတက် တစ်ပိဿာ ၁၈၀၀၀ကျပ်၊ ဆား  တစ်ပိဿာ ၂၀၀၀မှ ၂၂၀၀ကျပ်၊ မန်ကျည်းမှည့် တစ်ပိဿာ ၁၀၀၀၀ကျပ်၊ ငရုပ်သီးခြောက် တစ်ပိဿာ ၁၂၀၀၀မှ ၁၅၀၀၀ကျပ်၊ ငရုပ်သီးစိမ်း တစ်ပိဿာ ၄၀၀၀ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ ၃၅၀၀ကျပ်၊ ခရမ်းသီး တစ်ပိဿာ ၁၅၀၀မှ ၂၀၀၀ကျပ်၊ ခဝဲသီး တစ်ပိဿာ ၂၀၀၀ကျပ်၊ ကျောက်ဖရုံ သီး တစ်လုံး ၃၅၀၀မှ ၅၀၀၀ကျပ်၊ ဗူးသီး တစ်လုံး ၂၅၀၀ကျပ်၊ ဂေါ်ဖီထုပ် တစ်ထုပ် ၃၅၀၀ကျပ်၊ ပဲရှည် သီး တစ်ပိဿာ ၅၀၀၀ကျပ်၊ မေမြို့ပဲသီး တစ်ပိဿာ ၈၀၀၀ကျပ်၊ မုံလာဥဖြူ  တစ်စီး ၁၅၀၀ကျပ်၊ မုံလာဥနီ တစ်ပိဿာ ၁၈၀၀၀ကျပ်၊ ကြက်ဟင်းခါးသီး တစ်ပိဿာ ၂၅၀၀ကျပ်၊ ဂေါ်တခါးညွှန့် တစ်ပိဿာ ၆၀၀၀ကျပ်၊ ရေဦးပဲငပိ (အခြောက်) တစ်ပိဿာ ၁၈၀၀၀ကျပ်၊ ရေဦးပဲငပိ (အစို) တစ်ပိဿာ ၁၀၀၀၀ကျပ်၊ သခွားသီး တစ်လုံး ၅၀၀ကျပ်၊ ဂေါ်ရခါးသီး တစ်လုံး ၆၀၀ကျပ်၊ ကမွန်းရွက် တစ်စီး ၃၀၀ကျပ်၊ အိုးမုံညင်း တစ်စီး ၃၀၀ကျပ်၊ ကန်စွန်းရွက် တစ်စီး ၂၀၀ကျပ်၊ ချဉ်ပေါင်ရွက် တစ်စီး ၂၀၀ကျပ်၊ ကြက်ဥ တစ်လုံး ၄၅၀မှ ၅၀၀ကျပ်၊ ဘဲဥ တစ်လုံး ၆၀၀ကျပ်စသည့် ဈေးနှုန်းများဖြင့် အသီးသီးရောင်းဝယ်နေပြီး ကုန်စိမ်းအဝင်လက်ကျန်ပေါ်မူတည်၍ ဈေးနှုန်းအနည်းငယ် ပြောင်းလဲမှု များရှိကြောင်း သိရပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News