International News

စင်ကာပူနိုင်ငံတွင် Sembcorp ကုမ္ပဏီက ၈၆ MWp ရေပေါ်ဆိုလာစီမံကိန်းဆောင်ရွက်

Last Updated:

Sembcorp Solar Singapore က Pandan Reservoir တွင် ရေပေါ်ဆိုလာစီမံကိန်းတည်ဆောက်ရန် စင်ကာပူရေအေဂျင်စီ PUB ထံမှ တင်ဒါအောင်မြင်ခဲ့ပါ သည်။ အဆိုပါစီမံကိန်းသည် ၈၆ megawatt-peak(MWp)နီးပါးရှိ ရေပေါ်ဆိုလာ photovoltaic(PV)စနစ်ကို တည်ဆောက်မည်ဖြစ်ကြောင်း ကုမ္ပဏီက စက်တင် ဘာလ ၁ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။

 Sembcorp Solar Singapore ၏ အမှုဆောင်အရာရှိချုပ် Jen Tan က ရေပေါ်ဆိုလာစီမံကိန်းများသည် မြေနေရာရှားပါးသည့် စင်ကာပူနိုင်ငံ၏ စွမ်းအင်ထုတ်လုပ်မှုအတွက် အရေးပါကြောင်း ပြောကြားခဲ့ပါသည်။

Pandan Reservoir တွင် တည်ဆောက်မည့် ရေပေါ်ဆိုလာစီမံကိန်းသည် Sembcorp ကုမ္ပဏီ၏ တတိယမြောက်ရေပေါ်ဆိုလာစီမံကိန်းဖြစ်ပြီး စင်ကာပူနိုင်ငံတွင် ရေပေါ်ဆို‌လာစွမ်းအင်ကဏ္ဍ၌ ဦးဆောင်သည့်ကုမ္ပဏီဖြစ်လာစေမည်ဖြစ်ပါသည်။

၂၀၂၁ ခုနှစ်တွင် Tengeh Reservoir ၌ ၆၀ MWp ရေပေါ်ဆိုလာစီမံကိန်းကို တည်ဆောက်ပြီးစီးခဲ့ပါသည်။ ၂၀၂၅ ခုနှစ် အစောပိုင်း၌ Sembcorp ကုမ္ပဏီသည် Kranji Reservoir ၌ ၁၅၀ MWp ရှိ ရေပေါ်ဆိုလာစီမံကိန်းကို တည်ဆောက်၊ ပိုင်ဆိုင်၊ လည်ပတ်ရန်အတွက် Meta Platforms နှင့် ၂၅ နှစ် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဝယ်ယူရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါသည်။

လက်ရှိတွင် Sembcorp ကုမ္ပဏီသည် စင်ကာပူနိုင်ငံ၌ ဆိုလာစွမ်းအင် ၁ gigawatt -peak ကျော်နှင့် စွမ်းအင်သိုလှောင်နိုင်မှု ၃၀၀ megawatt-hour ရှိပြီး တစ်ကမ္ဘာလုံးအတိုင်းအတာအနေဖြင့် ကုမ္ပဏီ၏ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်မှာ ၁၈.၉ gigawatt ရှိပါသည်။

ရင်းမြစ်။        The Business Times

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: International News