ဩဂုတ်လ တတိယအပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မိုးပဲတီစိမ်း စုစုပေါင်း ၄.၇ သိန်းကျော် လျာထားပြီး ယနေ့အထိ စိုက်ပျိုးဧကပေါင်း ၃.၃ သိန်းကျော် စိုက်ပျိုးပြီးစီးနေကြောင်း သိရပါသည်။ အများဆုံး စိုက်ပျိုးသော ခရိုင်များမှာ ရွှေဘိုခရိုင် ဧက ၁ သိန်းကျော်၊ ကန့်ဘလူခရိုင် ဧက ၉ သောင်းကျော်၊ စစ်ကိုင်းခရိုင် ဧက ၄ သောင်းကျော်၊ ရေဦးခရိုင် ဧက ၃ သောင်းကျော်၊ မုံရွာ ခရိုင် ဧက ၃ သောင်းခန့်၊ ယင်းမာပင်ခရိုင် ဧက ၂ သောင်းကျော်၊ ကလေးခရိုင် ဧက ၆ ထောင်ကျော် အသီးသီးစိုက်ပျိုးပြီးစီးနေကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှသိရပါသည်။
ယခုတစ်ပတ်အတွင်း မုံရွာကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်နေသော ပဲတီစိမ်း တစ်တင်းပေါက်ဈေးနှုန်းမှာ ၇၅၀၀၀ကျပ်မှ ၁၀၅၀၀၀ကျပ်ထိရှိပြီး ယခင်ပတ်ကာလတူပေါက်ဈေးနှုန်းမှာ ပဲတီစိမ်း တစ်တင်း ၇၀၀၀၀ကျပ်မှ ၁၁၀၀၀၀ကျပ်ထိရှိပြီး နှိုင်းယှဉ်ပါက ပဲတီစိမ်း တစ်တင်း ၅၀၀၀ကျပ် ကျဆင်းလာကြောင်း သိရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး