ဇွန်လ နောက်ဆုံးပတ်တွင် မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက် အခြေအနေမှာ နှမ်းနက်ဈေးများ မြင့်တက်၍ မြေပဲလုံးဆန်နီ၊ မြေပဲလုံးဆန်ဖြူ၊ နှမ်းညိုနှင့် နှမ်းဖြူ ဈေးနှုန်းများ ကျဆင်းနေကြောင်းသိရသည်။ ဇွန်လ နောက်ဆုံးပတ်တွင် နှမ်းညို တစ်တင်း ၁၁၀၀၀၀ကျပ်၊ နှမ်းနက် တစ်တင်း ၁၉၀၀၀၀- ၂၂၅၀၀၀ကျပ်၊ နှမ်းဖြူ တစ်တင်း ၁၀၀၀၀၀-၁၂၀၀၀၀ကျပ်ဖြစ်ကာ ယခင်လကုန်ပတ် ကာလတူ ပေါက်ဈေးနှုန်းမှာ နှမ်းညို တစ်တင်း ၁၁၂၀၀၀ကျပ်၊ နှမ်းနက် တစ်တင်း ၁၉၀၀၀၀-၂၂၀၀၀၀ ကျပ်၊ နှမ်းဖြူ တစ်တင်း ၁၁၅၀၀၀-၁၂၅၀၀၀ ကျပ်ရှိ၍ ယခုလကုန်ပတ်နှင့် ယခင်လကုန်ပတ်ကာလတူ နှိုင်းယှဉ်ပါက နှမ်းနက် တစ်တင်း ၅၀၀၀ကျပ်ခန့်မြင့်တက်နေပြီး နှမ်းဖြူ တစ်တင်းလျှင် ၅၀၀၀ကျပ်ခန့်၊ နှမ်းညို တစ်တင်း ၂၀၀၀ ကျပ်ခန့်ကျဆင်း နေကြောင်းသိရသည်။
ဇွန်လ နောက်ဆုံးပတ်တွင် မြေပဲလုံးဆန်ပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆန်နီ တစ်ပိဿာ ၉၂၀၀ကျပ်၊ မြေပဲလုံးဆန်ဖြူ တစ်ပိဿာ ၉၅၀၀-၉၆၀၀ကျပ်ရှိပြီး ယခင်လကုန်ပတ် ကာလတူ ပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆန်နီ တစ်ပိဿာ ၉၃၀၀-၉၄၀၀ကျပ်၊ မြေပဲလုံးဆန်ဖြူ တစ်ပိဿာ ၁၀၀၀၀ကျပ်၊ ကာလတူအချိန်နှင့် နှိုင်းယှဉ်ပါက မြေပဲလုံးဆန်နီ တစ်ပိဿာ ၂၀၀ကျပ်ခန့်၊ မြေပဲလုံးဆန်ဖြူ တစ်ပိဿာ ၄၀၀ကျပ်ခန့် ကျဆင်းသွားကြောင်းသိရသည်။ ယခုပတ်အတွင်း ပဲဆီ တစ်ပိဿာ ၁၈၀၀၀ ကျပ်၊ နှမ်းဆီ တစ်ပိဿာ ၁၄၅၀၀-၁၅၀၀၀ကျပ်ဖြစ်ပြီး ပဲဖတ် တစ်ပိဿာ ၄၃၅၀ ကျပ်၊ နှမ်းဖတ် တစ်ပိဿာ ၃၄၅၀ ကျပ်၊ နေကြာဖတ် တစ်ပိဿာ ၂၀၀၀ ကျပ်ဖြင့် ရောင်းဝယ်နေကြောင်း သိရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး