International News

ရေနံမဟုတ်သောကဏ္ဍများ၏တိုးတက်မှုကို တွန်းအားပေးမှုကြောင့် ၂၀၂၄ ခုနှစ်အတွင်းတွင် ယူအေအီးနိုင်ငံ၏ GDP ၄ % မြင့်တက်လာခဲ့

Last Updated:

ဖယ်ဒရယ်ယှဉ်ပြိုင်နိုင်စွမ်းနှင့် စာရင်းအင်းစင်တာ(FCSC)မှ ထုတ်ပြန်သော တရား ဝင်အချက်အလက်များအရ ယူအေအီးနိုင်ငံ၏စီးပွားရေးသည် ၂၀၂၄ ခုနှစ်အတွင်း ၄ % တိုးတက်လာခဲ့ပြီး၊ အမှန်တကယ် GDP မှာ AED ၁,၇၇၆ ဘီလီယံအထိရောက်ရှိလာခဲ့ကာ ရေနံမဟုတ်သောကဏ္ဍများမှ အားကောင်းသည့်စွမ်းဆောင်မှုဖြင့် အဓိကမောင်းနှင်ခဲ့ကြောင်းသိရှိရပါသည်။

ရေနံမဟုတ်သော GDP သည် တစ်နှစ်ထက်တစ်နှစ် ၅ % တိုးတက်လာခဲ့ပြီး AED ၁,၃၄၂ ဘီလီယံအထိမြင့်တက်လာခဲ့ကာ စုစုပေါင်းစီးပွားရေးထွက်ရှိမှု၏ ၇၅.၅ % ရောက်ရှိလာခဲ့ပါသည်။ ရေနံနှင့် ဆက်စပ်သောလုပ်ငန်းများမှ AED ၄၃၄ ဘီလီယံကိုပံ့ပိုးပေးနိုင်ခဲ့ပြီး နိုင်ငံ၏စီးပွားရေးကွဲပြားမှုဆီသို့ ဆက်လက်တွန်းအားပေးမှုအပေါ် မီးမောင်းထိုးပြသခဲ့ပါသည်။

စီးပွားရေးဝန်ကြီး Abdulla bin Touq Al Marri က အဆိုပါကိန်းဂဏန်းများသည် ယူအေအီးနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အသစ်တဖန်အရှိန်အဟုန်မြင့်တက်လာသည်ကို ထင်ဟပ်နေစေပြီး လာမည့်ဆယ်စုနှစ်အတွင်း GDP   ၃ ထရီလီယံကိုပစ်မှတ်ထားမည့်နိုင်ငံ၏ “We the UAE 2031” မျှော်မှန်းချက်ဆီသို့ အဓိကတိုးတက်မှုကိုအမှတ်အသားပြုကြောင်းနှင့် နိုင်ငံကိုရေရှည်တည်တံ့ခိုင်မြဲသော အသိပညာဖြင့်မောင်းနှင်နိုင်သော စီးပွားရေးဆီသို့ပို့ဆောင်ပေးခဲ့သည့် သမ္မတ Sheikh Mohamed bin Zayed Al Nahyan နှင့် ဒုတိယသမ္မတSheikh Mohammed bin Rashid Al Maktoum တို့၏ ဦးဆောင်မှုတို့ကို ချီးကျူးဂုဏ်ပြုပြောကြားခဲ့ပါသည်။

FCSC ၏ဦးဆောင်ညွှန်ကြားရေးမှူး Hanan Mansour Ahli က ရေရှည်တည်တံ့မှုနှင့်ကမ္ဘာလုံးဆိုင်ရာယှဉ်ပြိုင်နိုင်မှုအပေါ်အာရုံစိုက်သည့် ကွဲပြားသည့်မဟာဗျူဟာကို ခိုင်မာစွာအကောင်အထည်ဖော်ခြင်း၏ တိုးတက်မှုအချက်ပြမှုကို သတိပြုမိခဲ့ကြောင်းဖော်ပြထားပါသည်။

၂၀၂၄ ခုနှစ်အတွင်း တိုးတက်မှုအမြန်ဆုံးကဏ္ဍများထဲတွင် သယ်ယူပို့ဆောင်ရေးနှင့် သိုလှောင်မှုကဏ္ဍသည် ၉.၆  % တိုးတက်လာခဲ့ကာ ယူအေအီးနိုင်ငံ၏လေဆိပ်များမှခရီးသည် ၁၄၇.၈ သန်းကို ကိုင်တွယ်နိုင်ခဲ့သောကြောင့် လေကြောင်းခရီးသွားလာမှုအားကောင်းလာပြီး ပို့ဆောင်ရေးနှင့်သိုလှောင်မှုကဏ္ဍတိုးတက်လာခဲ့ပါသည်။ ဆောက်လုပ်ရေးကဏ္ဍတွင် ၈.၄ % တိုးလာပြီး ၎င်းနောက်တွင် ဘဏ္ဍာရေးဝန်ဆောင်မှုကဏ္ဍများ၊ ဧည့်ဝန်ဆောင်မှုကဏ္ဍနှင့် အိမ်ခြံမြေကဏ္ဍများမှာလည်း ခိုင်မာသော အကျိုးအမြတ်များကို ရရှိခဲ့ကြပါသည်။

ကုန်သွယ်ရေးကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍနှင့် ဘဏ္ဍာရေးဝန်ဆောင်မှုကဏ္ဍများသည် ရေနံမဟုတ်သော GDP အတွက်ထိပ်တန်းပံ့ပိုးပေးသည့်ကဏ္ဍများဖြစ်ကြပြီး စီးပွားရေးလုပ်ဆောင်မှု၏ ၄၃ % ကျော်ကိုပေါင်းစပ်ကာ ယူအေအီးနိုင်ငံ၏ ကဏ္ဍစုံအတွက် အင်အားရှိသည့်ဒေသအဖြစ်သို့ အသွင်ကူးပြောင်းမှုကိုအထင် အရှားပြသခဲ့ကြောင်း ဖော်ပြပါရှိပါသည်။

Source: Emirates News Agency

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)

Category: International News