International News

အိန္ဒိယ၏ ကုန်စည်နှင့် ဝန်ဆောင်မှုများတင်ပို့မှုမှ ယခုဘဏ္ဍာရေးနှစ်တွင် ဒေါ်လာတစ်ထရီလီယံအထိရရှိနိုင်ကြောင်း FIEO က ပြောကြား

Last Updated:

နိုင်ငံ၏ အလုံးစုံကုန်စည်နှင့် ဝန်ဆောင်မှုများမှ တင်ပို့မှုသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ တစ်ထရီလီယံအထိရောက်ရှိရန် မျှော်မှန်းထားကြောင်း အိန္ဒိယပို့ကုန်လုပ်ငန်းရှင်များအသင်း FIEO က ပြောကြားထားသည်။ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် အိန္ဒိယနိုင်ငံ၏ စုစုပေါင်းပို့ကုန်တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၈၂၅ ဘီလီယံအထိရှိခဲ့သည်။

အိန္ဒိယပို့ကုန်လုပ်ငန်းရှင်များအသင်း(FIEO)ဥက္ကဋ္ဌ S C Ralhan က ၂၀၂၅-၂၆ ဘဏ္ဍာနှစ်၌ ကုန်စည်တင်ပို့မှုတွင် အမေရိကန်ဒေါ်လာ ၄၃၇ ဘီလီယံမှ အမေရိကန်ဒေါ်လာ ၅၂၅-၅၃၅ ဘီလီယံအထိလည်းကောင်း၊ ဝန်ဆောင်မှုတင်ပို့မှုတွင် အမေရိကန်ဒေါ်လာ ၃၈၇ ဘီလီယံမှ အမေရိကန်ဒေါ်လာ ၄၆၅-၄၇၅ ဘီလီယံအထိလည်းကောင်း တိုးမြင့်လာမည်ဟု ပြောကြားခဲ့သည်။

ပို့ကုန်မြှင့်တင်ရေးအတွက် အဓိကအထောက်အကူပြုသည့်ကဏ္ဍများမှာ လျှပ်စစ်နှင့် အီလက်ထရွန်နစ်ပစ္စည်းများ(USD ၆၀ ဘီလီယံ)၊ စက်ယန္တရားပစ္စည်းများ(USD ၄၀ ဘီလီယံ)၊ ဓာတုပစ္စည်း (USD ၄၀ ဘီလီယံ)၊ ဆေးဝါးပစ္စည်းများ(USD ၃၀ ဘီလီယံ)၊ရေနံ(USD ၇၀ ဘီလီယံ)၊ အဝတ်အထည်နှင့် အလှဆင်ပစ္စည်း(USD ၂၃-၂၅ ​​ဘီလီယံ)၊ ကျောက်မျက်နှင့် လက်ဝတ်ရတနာ(USD ၃၅ ဘီလီယံ) စိုက်ပျိုးရေး (USD ၃၅ ဘီလီယံ)စသည့်ကဏ္ဍများပါဝင်ကြောင်း သိရှိရသည်။

အိန္ဒိယနိုင်ငံအနေဖြင့် ပို့ကုန်မြှင့်တင်နိုင်ရေးအတွက် ထုတ်လုပ်မှုနှင့်ချိတ်ဆက်မက်လုံးပေးသည့်အစီအစဉ်(Production Linked Incentive)များ၊ ချေးငွေအထောက်အပံ့များ စသည်ဖြင့်ထုတ်လုပ်မှုကို တွန်းအားပေးဆောင်ရွက်နေသကဲ့ သို့ နှစ်နိုင်ငံလွတ်လပ်သောကုန်သွယ်ရေးသဘောတူစာချုပ်များကို ကုန်သွယ်မှုအလားအလာကောင်းသော နိုင်ငံများစွာနှင့်ချုပ်ဆိုနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

Source: India’s Goods, Services exports may reach $ 1 trillion this fiscal, FIEO,  The Economic Times, May 27, 2025.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: International News