International News

၂၀၂၅ ခုနှစ်တွင် တရုတ်နိုင်ငံ၏ အထင်ကရကုန်သွယ်ရေးစင်္ကြံ၏ ကုန်သွယ်မှုသည် ကုန်သေတ္တာ စုစုပေါင်း TEU တစ်သန်းအထိ မြင့်တက်ခဲ့

Last Updated:

တရုတ်မီးရထားနန်နင်းအုပ်စု(China Railway Nanning Group)၏ထုတ်ပြန်ချက်အရ တရုတ်နိုင်ငံအနောက်ပိုင်းဒေသများ၏ ကမ္ဘာ့စျေးကွက်များသို့ ဆက်သွယ်ပေးထားသည့် အဓိကကုန်စည်ပို့ဆောင်ရေးကွန်ရက်တစ်ခုဖြစ်သော အပြည်ပြည်ဆိုင်ရာကုန်လမ်း-ရေလမ်းကုန်သွယ်ရေးစင်္ကြံလမ်းကြောင်းသစ်(New Internatio nal Land-Sea Trade Corridor)၏ ယခုနှစ်အတွင်း ကုန်သွယ်မှုပမာဏသည် TEU (ပေ ၂၀ ကုန်သေတ္တာ)၁ သန်းကျော်ရှိလာပြီး စံချိန်တင်မြင့်တက်မှုကို မှတ်တမ်း တင်နိုင်ခဲ့ကြောင်း သိရှိရသည်။

၂၀၂၅ ခုနှစ်အတွင်း အဆိုပါလမ်းကြောင်းတစ်လျှောက်မှတစ်ဆင့် ကုန်စည်အရေ အတွက် TEUs ၁,၀၀၁,၄၅၅ အထိ ကုန်သွယ်မှုဆောင်ရွက်နိုင်ခဲ့ပြီး ယခင်နှစ်ထက် ၇၂.၅ ရာခိုင်နှုန်းတိုးတက်မှုရှိခဲ့သည်။ အဆိုပါလမ်းကြောင်းစတင်ဖွင့်လှစ်လည်ပတ်ခဲ့သည့် ၂၀၁၇ ခုနှစ်အချိန်မှစ၍ နှစ်စဉ် ကုန်သွယ်မှုပမာဏသည် TEUs ၁ သန်း အမှတ်ကို ပထမဆုံးအကြိမ်ကျော်လွန်ခြင်းဖြစ်သည်။

Belt and Road Initiative ၏ အရေးပါသောစီမံကိန်းတစ်ခုအဖြစ် အပြည်ပြည်ဆိုင်ရာ ကုန်လမ်း-ရေလမ်းကုန်သွယ်ရေးစင်္ကြံလမ်းကြောင်းသစ်သည် တရုတ်နိုင်ငံအနောက်ပိုင်းဒေသများ၏ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်နှင့် ထိုဒေသများ၏ အဆင့်မြင့်ဖွင့်လှစ်မှု(high-level opening-up)ကို ပံ့ပိုးပေးရန်အတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိသည်။

မီးရထားလုပ်ငန်းလုပ်ကိုင်သူများသည် ယင်းစင်္ကြံလမ်းကြောင်းတစ်လျှောက် ရထားဝန်ဆောင်မှုကွန်ရက်ကို ဆက်လက်တိုးချဲ့လျက်ရှိသည်။ လက်ရှိတွင် ရထားလမ်းကြောင်း ၂၄ ခုကို ပုံမှန်ချိတ်ဆက်လည်ပတ်လျက်ရှိသည်။ ၎င်းတို့အနက် ၁၄ ခုသည် တရုတ်နိုင်ငံတောင်ပိုင်း၊ ကွမ်ရှီကျွမ်း(Guangxi Zhuang)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းရှိ Beibu Gulf ဆိပ်ကမ်းနှင့် နယ်မြေဆက်စပ်လျက်ရှိသည့် ကွမ်တုံ ပြည်နယ်(Guangdong) ရှိ Zhanjiang ဆိပ်ကမ်းတို့မှ ချုံချင့်(Chongqing)နှင့် ချန်ဒူ(Chengdu) ကဲ့သို့သော  တရုတ်အနောက်ပိုင်းဒေသရှိ အဓိကကုန်းတွင်းပို့ဆောင်ရေးဗဟိုဌာနများသို့ ဆက်သွယ် ပေးထားသည်။

တရားဝင်စာရင်းဇယားများအရ ၂၀၁၇ ခုနှစ်၊ ဖွင့်လှစ်ခဲ့သည့်အချိန်မှစ၍ အဆိုပါလမ်းကြောင်းမှတစ်ဆင့် ကုန်စည်ပမာဏ TEU ၄.၇ သန်းကျော်ပို့ဆောင်ပေးနိုင်ခဲ့ပြီး ယင်းကုန်စည်အရေအတွက်သည် နှစ်စဉ် ဂဏန်းနှစ်လုံးနှုန်းဖြင့် ပုံမှန်တိုးမြှင့်မှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရှိရသည်။

ရထားလမ်း-ရေလမ်းပေါင်းစပ်ပို့ဆောင်ရေးဝန်ဆောင်မှုမှတစ်ဆင့် ကုန်သွယ်ရေးစင်္ကြံကိုဖြတ်၍ ပို့ဆောင်သောကုန်စည်များတွင် အီလက်ထရွန်းနစ်ပစ္စည်းများ (electronics)၊မော်တော်ယာဉ်များနှင့်မော်တော်ယာဉ်အပိုပစ္စည်းများ(auto parts) ၊ စက်ကိရိယာများ(machinery)၊ အိမ်သုံးပစ္စည်းများ (household appliances)နှင့် အစားအစာများ(food)ပါဝင်သည်။

အရင်းမြစ်။ https://en.people.cn/n3/2025/0906/c90000-20362953.html

(လျန်ရှန်းမုန်၊ စီးပွားရေးသံမှူး၊ ကူမင်းမြို့)

Category: International News