International News

ယူအေအီးနိုင်ငံသားများ၏နည်းပညာစွမ်းရည်နှင့် ဒစ်ဂျစ်တယ်ဆန်းသစ်တီထွင်မှုကိုမြှင့်တင်ရန် du ဆက်သွယ်ရေးကုမ္ပဏီမှ Huawei နှင့်မိတ်ဖက်ဆက်ဆံရေးကို သက်တမ်းတိုးမြှင့်

Last Updated:

ယူအေအီးနိုင်ငံရှိ du ဆက်သွယ်ရေးကုမ္ပဏီသည် ယူအေအီးနိုင်ငံသားများ၏စွမ်းဆောင်ရည်ကို အရှိန်မြှင့်တင်ရန်နှင့် အဆင့်မြင့်ဒစ်ဂျစ်တယ်နှင့် တယ်လီကွန်းကျွမ်းကျင်မှုများဖြင့် ဖြည့်ဆည်းပေးရန်အတွက် တရုတ်နိုင်ငံမှ Huawei ကုမ္ပဏီနှင့် ၎င်းတို့၏မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုကို သက်တမ်းအသစ်ပြန်လည်တိုးမြှင့်ခဲ့ပါသည်။

အဆိုပါပူးပေါင်းဆောင်ရွက်မှုသည် ယူအေအီးနိုင်ငံ၏ဆန်းသစ်တီထွင်မှုအစီအစဉ်နှင့်လိုက်လျောညီထွေမှုရှိပြီး အနာဂတ်တွင်အဆင်သင့်ရှိသောလုပ်သားအင်အားကို တည်ဆောက်ရန်အတွက် ရည်ရွယ်ထားခြင်းဖြစ်ပါသည်။

အသစ်ပြန်လည်ချုပ်ဆိုထားသောသဘောတူညီချက်တွင် ကုမ္ပဏီနှစ်ဘက်စလုံးမှ AI၊ 5G၊ cloud computing နှင့် data analytics ကဲ့သို့သောထွန်းသစ်စနည်းပညာရပ်များအပေါ်တွင် အာရုံစိုက်ဆောင်ရွက်ထားသည့် လေ့ကျင့်ရေးအစီအစဉ်များနှင့် ခေါင်းဆောင်မှုဖွံ့ဖြိုးတိုးတက်ရေးအစပျိုးမှုများကို တိုးချဲ့လုပ်ဆောင်သွားကြမည်ဖြစ်ပါသည်။ ဤကြိုးပမ်းမှုများသည် du ၏ပိုမိုကျယ်ပြန့်သော ဒစ်ဂျစ်တယ် အသွင်ပြောင်းရေးရည်မှန်းချက်များနှင့် အမျိုးသားလုပ်သားအင်အားဖွံ့ဖြိုးတိုးတက်ရေးအတွက် ကတိကဝတ်များကို ပံ့ပိုးပေးထားခြင်းဖြစ်ပါသည်။

du ၏အမှုဆောင်အရာရှိချုပ်ဖြစ်သူ Fahad Al Hassawi က ဤပူးပေါင်းဆောင် ရွက်မှုသည် ပြည်တွင်းဖြစ်စွမ်းရည်များကိုမွေးမြူပြီး ဒေသအနှံ့နည်းပညာဆိုင်ရာထူးချွန်မှုကိုမောင်းနှင်ရန် ၎င်းတို့၏အာရုံစိုက်မှုအပေါ် အားဖြည့်ပေးထားခြင်းဖြစ် ကြောင်း ပြောကြားခဲ့ပါသည်။

ပူးတွဲနှစ်ပတ်လည်လေ့ကျင့်ရေးအစီအစဉ်အရ du နှင့် Huawei တို့သည် အထူးအလုပ်ရုံဆွေးနွေးပွဲများ၊ အမှုဆောင်ခေါင်းဆောင်မှုအစီအစဉ်များနှင့် ICT နည်းပညာရပ်များအား အာရုံစူးစိုက်သည့် အင်တာနက် Web အခြေခံဆွေးနွေးပွဲများ (webinars)များကို လွှင့်တင်ဆောင်ရွက်သွားကြမည်ဖြစ်ပါသည်။ဤပဏာမ ခြေလှမ်းများသည် အဆင့်တိုင်းတွင်ကျွမ်းကျင်ဝန်ထမ်းများကို မြှင့်တင်ရန်၊ ဆန်းသစ်တီထွင်မှုကို မြှင့်တင်ရန်နှင့် ပြောင်းလဲနေသော လုပ်ငန်းပိုင်းဆိုင်ရာစိန်ခေါ်မှုများကို ဖြေရှင်းရာတွင် သွက်လက်တက်ကြွမှုကို မြှင့်တင်ရန် ရည်ရွယ်ထားပါသည်။

Huawei UAE ကုမ္ပဏီခွဲ၏အမှုဆောင်အရာရှိချုပ်ဖြစ်သူ David Tao က ယူအေအီးနိုင်ငံ၏ ကြီးထွားလာနေသော နည်းပညာဂေဟစနစ်ကို အထောက်အကူပြုသည့်၊ အနာဂတ်ကိုအာရုံစိုက်သည့် ကျွမ်းကျင်မှုများဖြင့် ယူအေအီးနိုင်ငံသားများအားစွမ်းဆောင်ရည်မြှင့်တင်ခြင်း၏အရေးပါမှုအပေါ် အလေးပေးပြောကြားခဲ့ပါသည်။

အဆိုပါမိတ်ဖက်အဖွဲ့သည် ၂၀၂၁ ခုနှစ်မှစတင်၍ Huawei ၏ အလုပ်သင်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ICT စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်ရေးအစပျိုးမှုများကဲ့သို့သော အစီအစဉ်များကိုပံ့ပိုးပေးခဲ့ပါသည်။ အသစ်ပြန်လည်မဟာမိတ်ဖွဲ့စည်ခြင်းသည် ယူအေအီးနိုင်ငံ၏ဒစ်ဂျစ်တယ်ဆန်းသစ်တီထွင်မှုနှင့်တယ်လီကွန်းထူးချွန်မှုတွင် ကမ္ဘာ လုံးဆိုင်ရာဦးဆောင်သူအဖြစ်ရပ်တည်ရန် ဆက်လက်ပူးပေါင်းအားထုတ်မှုအပေါ်အချက်ပြနေခြင်းဖြစ်ကြောင်း သတင်းဖော်ပြထားပါသည်။

News Source: MSL Group

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)

Category: International News