International News

ထိုင်းနိုင်ငံသားများ၏ နိုင်ငံပြင်ပမှရရှိသည့် ဝင်ငွေအပေါ် အခွန်ကင်းလွတ်ခွင့်နိုင်ရေးဥပဒေတစ်ရပ် ထုတ်ပြန်နိုင်ရေးအတွက် အခွန်ဦးစီးဌာနက ဆောင်ရွက်လျက်ရှိ

Last Updated:

ထိုင်းနိုင်ငံပြင်ပရင်းမြစ်များမှ ရရှိလာသော ဝင်ငွေအပေါ် အခွန်ကင်းလွတ်ခွင့်ပေးမည့် ဥပဒေတစ်ရပ်ထုတ်ပြန်နိုင်ရေးအတွက် ထိုင်းနိုင်ငံအခွန်ဦးစီးဌာနက ဆောင် ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

ဥပဒေအသစ်အရ ထိုင်းနိုင်ငံသားသည် ဝင်ငွေရရှိသည့်အချိန်မှ ၂ နှစ်အတွင်း ယင်းဝင်ငွေကို နိုင်ငံအတွင်းသို့ သယ်ဆောင်လာပါက  ဝင်ငွေခွန်ကင်းလွတ်ခွင့်ပေးမည်ဖြစ်ကြောင်း၊ အသေးစိတ်ကို ဝန်ကြီးဌာနအတွင်း ဆွေးနွေးနေဆဲဖြစ်ကြောင်း၊ ဥပဒေကို ယခုနှစ်အတွင်း ပြဌာန်းနိုင်ခဲ့ပါက နောက်ကြောင်းပြန်သက်‌ရောက်မည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံသားတစ်ဦးချင်းစီသည် နိုင်ငံခြားတွင် စုဆောင်းငွေသည် ဘတ် ၂ ထရီလီယံခန့်ရှိရာ ယင်းငွေများသည် နိုင်ငံအတွင်းသို့ ဝင်ရောက်လာပါက နိုင်ငံစီးပွားရေးကို လှုံ့ဆော်ပေးပါကြောင်း၊ အခွန်မက်လုံးသည် နိုင်ငံခြားဝင်ငွေကို ပြန်လည်ဝင်ရောက်စေကြောင်း၊ လူအများစုသည် နိုင်ငံတွင်းရင်းနှီးမြှုပ်နှံမှုထက် ပိုမိုရရှိမည်ဟု မျှော်လင့်ချက်ကြောင့် နိုင်ငံခြားတွင် ရင်းနှီးမြှုပ်နှံကြပြီးနောက် အမြတ်ရရှိပါက အခွန်စဉ်းစားချက်များကြောင့် နိုင်ငံတွင်းသို့ ပြန်လည်သယ်ဆောင်ရန် ဝန်လေးကြကြောင်း ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် Mr. Pinsai Suraswadi က သုံးသပ်ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံတွင် တစ်ဦးချင်းဝင်ငွေသည် ဝင်ငွေအဆင့်အလိုက် ၅ ရာခိုင်နှုန်းမှ ၃၅ ရာ ခိုင်နှုန်းထိရှိကြောင်း၊ ဒီဂျစ်တယ်ပိုင်ဆိုင်မှုနှင့်ခရစ်ပ်တိုကာရန်စီ(Cryptocurrency) ရောင်းချမှုမှရရှိသည့် ရင်းနှီးငွေပေါ်တွင် တစ်ဦးချင်းဝင်ငွေကို ကင်းလွတ်ခွင့်ပြုရန် ၂၀၂၅ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် အစိုးရအဖွဲ့က အတည်ပြုခဲ့ကြောင်း၊ ယင်းသတ်မှတ်ချက်သည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ၂၀၂၉ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ထိဖြစ်ကြောင်း၊ အဆိုပြုထားသော ခရစ်ပ်တိုအခွန်အစီအမံသည် နိုင်ငံခြားရန်ပုံငွေကို နိုင်ငံအတွင်းသို့ ခရစ်ပ်တိုကုန်သွယ်မှုဈေးကွက်မှတစ်ဆင့် ပြန်လည်ဝင်ရောက်လာစေမည့် နည်းလမ်းတစ်ခုဖြစ်ကြောင်း၊ ဝန်ကြီးဌာနအဆင့် လုပ်ထုံးလုပ်နည်းမူကြမ်းကို ပြန်တမ်းထုတ်ပြန်ရန် စောင့်ဆိုင်းလျက်ရှိပြီး ထုတ်ပြန်ပြီးပါက အသက်ဝင်မည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

နိုင်ငံခြားရင်းမြစ်ဝင်ငွေ၏အခွန်နှင့်စပ်လျဉ်း၍ ဦးစီးဌာနအနေဖြင့် နေထိုင်မှုစည်း ကမ်း(Resident Rule)ကိုအခြေခံမည်ဖြစ်ရာ ယင်းနည်းလမ်းအရ အခွန်နှစ်အတွင်း (ဇန်နဝါရီလမှ ဒီဇင်ဘာလ) ထိုင်းနိုင်ငံ၌ ရက်ပေါင်း ၁၈၀ သို့မဟုတ် ယင်းထက် ပိုမိုနေထိုင်သူကို အခွန်ထမ်းဟု သတ်မှတ်မည်ဖြစ်သဖြင့် ပြည်တွင်း သို့မဟုတ် ပြည်ပမှရရှိသည့် ဝင်ငွေအားလုံးပေါ် ဝင်ငွေခွန်ကောက်ခံမည်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်မတိုင်မီက နိုင်ငံခြားဝင်ငွေရှိသူသည် ၎င်းတို့၏အခွန်တာဝန်ခံမှုကိုလျှော့ချရန်အခွင့် အလမ်းရှိကြောင်း၊ ဥပဒေအရ နိုင်ငံခြားဝင်ငွေကို ရရှိသည့်နှစ်အတွင်း နိုင်ငံအတွင်း သယ်ဆောင်လာပါက အခွန်ကောက်ခံရနိုင်ပြီး ဝင်ငွေရရှိပြီးနောက်နှစ်မှ သယ် ဆောင်လာပါက အခွန်တာဝန်ခံမှုလျှောက်ထား၍ မရပါကြောင်း၊ ဥပမာအားဖြင့် ၂၀၂၀ ပြည့်နှစ်အတွင်း ရရှိထားသည့် ဝင်ငွေကို ၂၀၂၁ ခုနှစ်မှ သယ်ဆောင်လာပါက အခွန်ဆောင်ရန် မလိုကြောင်း၊ ၂၀၂၄ ခုနှစ်မှစ၍ အသက်ဝင်သည့် လက်ရှိဥပဒေအရ နိုင်ငံအတွင်းသို့ သယ်ဆောင်လာသည့် မည်သည့်နှစ်မဆို တစ်ဦးချင်းဝင်ငွေခွန်ပေးဆောင်ရကြောင်း သိရှိရပါသည်။

Source: www.bangkokpost.com

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News