၂၀၂၅ ခုနှစ် ဇွန်လအတွင်း ထိုင်းနိုင်ငံနှင့် နယ်စပ်ကုန်သွယ်မှုတွင် တစ်ဆင့်ခံကုန်သွယ်မှုတွင် ၁၆ ဒဿမ ၇ ရာခိုင်နှုန်းတိုးတက်မှုရှိခဲ့ပြီး နှစ်ဝက်အတွင်း ဘတ် ၁ ထရီလီယံကျော်လွန်ခဲ့ကြောင်း သိရှိရပါသည်။ ထိုင်း-ကမ္ဘောဒီးယားပဋိပက္ခကြောင့် နယ်စပ်ကုန်သွယ်မှုကိန်းဂဏန်းကို လျော့နည်းသွားစေခဲ့ကြောင်း သိရှိရပါသည်။
ထိုင်းနိုင်ငံ၏ နယ်စပ်နှင့် တစ်ဆင့်ခံကုန်သွယ်မှုသည် ဘတ် ၁၈၉ ဒဿမ ၀၇၃ ဘီလီယံရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ၁၆ ဒဿမ ၇ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း၊ ပို့ကုန်သည် ဘတ် ၁၁၅ ဒဿမ ၄၂၇ ဘီလီယံနှင့် သွင်းကုန်သည် ၇၃ ဒဿမ ၆၄၆ ဘီလီယံရှိခဲ့သဖြင့် ဇွန်လအတွင်း ကုန်သွယ်မှုပိုငွေ ဘတ် ၄၁ ဒဿမ ၇၈၁ ဘီလီယံဖြစ်ပေါ်ခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ် ပထမ ၆ လအတွင်း နယ်စပ်နှင့် နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုတန်ဖိုးသည် ဘတ် ၁,၀၂၂ ဒဿမ ၂၄၄ ဘီလီယံရှိခဲ့ပြီး ပို့ကုန် ဘတ် ၅၉၆ ဒဿမ ၂၆၁ ဘီလီယံနှင့် သွင်းကုန် ဘတ် ၄၂၅ ဒဿမ ၉၈၃ ဘီလီယံဖြစ်သဖြင့် ကုန်သွယ်မှုပိုငွေ ဘတ် ၁၇၀ ဒဿမ ၂၇၇ ဘီလီယံဖြစ်ပေါ်ခဲ့ကြောင်း နိုင်ငံ ခြားကုန်သွယ်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Ms. Arada Fueangthong က ပြောကြားခဲ့ပါသည်။
၂၀၂၅ ခုနှစ် ဇွန်လအတွင်း အိမ်နီးချင်း ၄ နိုင်ငံနှင့် နယ်စပ်ကုန်သွယ်မှုသည် ဘတ် ၇၆ ဒဿမ ၄၀၄ ဘီလီဘံရှိခဲ့ပြီး ပို့ကုန် ဘတ် ၄၇ ဒဿမ ၂၀၇ ဘီလီယံနှင့် သွင်းကုန် ဘတ် ၂၉ ဒဿမ ၁၉၇ ဘီလီယံဖြစ်သဖြင့် ကုန်သွယ်မှုပိုငွေ ဘတ် ၁၈ ဒဿမ ၀၁ ဘီလီယံဖြစ်ပေါ်ခဲ့ကြောင်း၊ မလေးရှားနှင့်ကုန်သွယ်မှုသည် ဘတ် ၂၅ ဒဿမ ၇၂ ဘီလီယံဖြင့် အမြင့်ဆုံးဖြစ်ပြီး လာအိုနှင့်ကုန်သွယ်မှုသည် ဘတ် ၂၂ ဒဿမ ၅၈၈ ဘီလီယံဖြင့် ဒုတိယအများဆုံး၊ မြန်မာနှင့်ကုန်သွယ်မှုသည် ဘတ် ၁၇ ဒဿမ ၁၈၈ ဘီလီယံဖြင့် တတိယအများဆုံးနှင့် ကမ္ဘောဒီးယားနှင့်ကုန်သွယ်မှု သည် ဘတ် ၁၀ ဒဿမ ၉၀၈ ဘီလီယံဖြစ်ကြောင်း၊ နယ်စပ်မှု အဓိကတင်ပို့သည့် ကုန်စည်များမှာ ဒီဇယ်ဆီ၊ သန့်စင်ပြီးစက်သုံးဆီနှင့် အခြားသော စိုက်ပျိုးရေးထုတ် ကုန်များဖြစ်ကြောင်း သိရှိရပါသည်။
တတိယနိုင်ငံနှင့် နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုတန်ဖိုးသည် ဘတ် ၁၁၂,၆၇၀ သန်းဖြစ်ပြီး ပို့ကုန်တန်ဖိုး ဘတ် ၆၈,၂၂၀ သန်းနှင့် သွင်းကုန်တန်ဖိုး ဘတ် ၄၄,၄၄၉ သန်းဖြစ်ကြောင်း၊ တရုတ်နှင့် နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုသည် ဘတ် ၆၈ ဒဿမ ၉၉၂ ဘီလီယံဖြင့် အများဆုံးဖြစ်ပြီး စင်ကာပူနှင့်ကုန်သွယ်မှုသည် ဘတ် ၁၃ ဒဿမ ၅၁၁ ဘီလီယံနှင့် ဗီယက်နမ်နှင့်ကုန်သွယ်မှုသည် ၇ ဒဿမ ၆၇၄ ဘီလီယံဖြစ် ကြောင်း၊ ဇွန်လအတွင်း နယ်စပ်ဖြတ်ကျော်အဓိကပို့ကုန်များမှာ လတ်ဆတ်ဒူးရင်း သီး(ဘတ် ၂၂ ဒဿမ ၁၂၂ ဘီလီယံ)၊ Hard disk drive(ဘတ် ၁၂ ဒဿမ ၆၃၁ ဘီလီယံ)နှင့် ကွန်ပျူတာများနှင့် ဆက်စပ်ပစ္စည်းများ(ဘတ် ၅ ဒဿမ ၈၈၀ ဘီလီယံ) ဖြစ်ကြောင်း၊ နယ်စပ်ကုန်သွယ်မှုတွင် ကမ္ဘောဒီးယားနှင့်ကုန်သွယ်မှုသည် (-) ၂၃ ဒဿမ ၃ ရာခိုင်နှုန်းကျုံ့သွားပါကြောင်း၊ ယင်းမှာ ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ဖြတ်သန်းခွင့်ထိန်းချုပ်မှုအစီအမံများကြောင့်ဖြစ်ပြီး ၂၀၂၅ ခုနှစ် ဇွန်လ ၇ ရက်နေ့မှစ၍ နယ်စပ်ဂိတ်အဖွင့်၊ အပိတ်အချိန်များကိုချိန်ညှိကြပြီး တစ်ဦးချင်းဝင်ထွက်ခွင့်ကို ကန့်သတ်ခဲ့ခြင်း နှင့် ဇွန်လ ၂၃ ရက်နေ့တွင် ယာဉ်အမျိုးအစားအားလုံးဝင်ထွက်ခွင့်ကို ပိတ်ပင်လိုက်ခြင်းကြောင့်ဖြစ်ကြောင်း၊ ထို့ပြင် ကမ္ဘောဒီးယားက ထိုင်းနိုင်ငံမှ လျှပ်စစ်တင်သွင်းမှုကို ရပ်ဆိုင်းသည့်ကြေညာချက်ကြောင့် ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ပို့ကုန်တန်ဖိုး ဘတ် ၈ ဒဿမ ၉၆၁ ဘီလီယံသို့ကျဆင်းခဲ့ပါကြောင်း၊ UHT နို့နှင့် ပဲနို့ကဲ့သို့သော အဖျော်ယမကာ၊ လျှပ်စစ်၊ အရသာပါသော သတ္တုရေနှင့် အချိုရည်များနှင့် နို့ထွက်မဟုတ်သော နို့မှုန့်စသည့် အခြားသောပို့ကုန်များလည်း ကျုံ့သွားပါကြောင်း၊ စီးပွားရေးလှုံ့ဆော်မှု၊ နယ်စပ်နှင့် နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုနှင့်စပ်လျဉ်း၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနသည် ၂၀၂၅ ခုနှစ် တစ်နှစ်ပတ်လုံးတွင် ကုန်စည်ပြပွဲများကျင်းပခဲ့ပါကြောင်း၊ ဇူလိုင် ၂၂ ရက်နေ့မှ ၂၈ ရက်နေ့ထိ ချင်းမိုင်တွင် နယ်စပ်ကုန်စည်ပြပွဲကျင်းပခဲ့ရာ အရောင်းပြခန်း ၁၅၀ မှ ဘတ် ၉ သန်း ကျောက်ရောင်းချနိုင်ခဲ့သကဲ့သို့ လုပ်ငန်းချိတ်ဆက်မှုများမှာလည်း တစ်နှစ်အတွင်း အမှာစာတန်ဖိုး ဘတ် ၅၀ သန်းကျော်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရပါသည်။
Source: National News Bureau of Thailand (NNT)
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)