International News

အင်ဒိုနီးရှားနိုင်ငံနှင့် ကုန်သွယ်ရေးသဘောတူညီချက်အရ အင်ဒိုနီးရှားအပေါ် သွင်းကုန်ခွန် ၁၉ ရာခိုင်နှုန်းသာထားရှိမည်ဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရမ့်က ပြောကြားခဲ့

Last Updated:

အမေရိကန်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့၏ ကုန်သွယ်ရေးအပေးအယူညှိနှိုင်းမှုသည် ပဏာမသဘောတူညီချက်ရရှိပြီးဖြစ်ကြောင်းနှင့် အင်ဒိုနီးရှားနိုင်ငံ၏သွင်းကုန်များအပေါ် အခွန်(၁၉)ရာခိုင်နှုန်းသာသတ်မှတ်သွားမည်ဟု ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်တွင် သမ္မတဒေါ်နယ်ထရမ့်က ပြောကြား ခဲ့ကြောင်း  CNBC အွန်လိုင်းသတင်း၌ ဖော်ပြခဲ့ပါသည်။

အမေရိကန်သမ္မတက “အမေရိကန်နိုင်ငံအနေဖြင့် အင်ဒိုနီးရှားနိုင်ငံသို့ သွင်းကုန်ခွန်ပေးဆောင်ရန်လိုမည်မဟုတ်ကြောင်း၊ ထို့အပြင် အင်ဒိုနီးရှား နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံအား ဈေးကွက်ဝင်ရောက်ခွင့်ကို ဖွင့်ပေးမည်ဖြစ်ကြောင်း၊ ယင်းအချက်များသည် ကုန်သွယ်ရေးအပေးအယူသဘောတူညီချက်၏ အဓိကကျသည့်အစိတ်အပိုင်းများဖြစ်ပြီး အခြားအချက်တစ်ခုမှာ အင်ဒိုနီးရှားနိုင်ငံက သွင်းကုန်ခွန်(၁၉)ရာခိုင်နှုန်းသာ ပေးရမည်ဖြစ်ကြောင်း” ပြောကြားခဲ့ပါကြောင်း၊ အမေရိကန်သမ္မတက ယခုကဲ့သို့အပေးအယူညှိနှိုင်းမှုသည် ၎င်းနှင့်အင်ဒိုနီးရှားသမ္မတတို့အကြား တိုက်ရိုက်ဆွေးနွေး၍ သဘောတူညီခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။

အင်ဒိုနီးရှားနိုင်ငံသည် အမေရိကန်နိုင်ငံ၏အကြီးဆုံးကုန်သွယ်ဖက်(၂၅) နိုင်ငံတွင်ပါဝင်ပြီး အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ ၂၀၂၄ ခုနှစ်အတွင်း နှစ်နိုင်ငံကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ(၃၈)ဘီလီယံနှင့် အမေရိကန်နိုင်ငံ၏ကုန် သွယ်မှုလိုငွေ (၁၇.၉)ဘီလီယံရှိခဲ့ပါကြောင်းသိရှိရပြီး အမေရိကန်နိုင်ငံအနေဖြင့် အင်ဒိုနီးရှားနိုင်ငံ၏သွင်းကုန်များအပေါ် သွင်းကုန်ခွန်(၃၂) ရာခိုင်နှုန်းကောက်ခံမည်ဖြစ်ကြောင်း ယခင်ရက်သတ္တပတ်အတွင်း ထုတ်ပြန်ခဲ့ပါသည်။

အမေရိကန်နိုင်ငံသည် အာဆီယံအဖွဲ့ဝင်ဖြစ်သည့် ဗီယက်နမ်နိုင်ငံနှင့်ပဏာမသဘောတူညီချက်ကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂ ရက်တွင်ရရှိခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံနှင့် ကုန်သွယ်ရေးအပေးအယူသဘောတူညီချက် ဇူလိုင် လ ၁၅ ရက်တွင် ထပ်မံရရှိခဲ့ပါကြောင်း၊ ဗီယက်နမ်နိုင်ငံနှင့် ကုန်သွယ် ရေးအပေးအယူသဘောတူညီချက်တွင်လည်း အမေရိကန်ကုန်ပစ္စည်းများအပေါ် ဗီယက်နမ်နိုင်ငံက သွင်းကုန်ခွန်သုညရာခိုင်နှုန်းသတ်မှတ်ပေးခဲ့ခြင်းနှင့် အမေရိကန်ကုန်ပစ္စည်းများကို ဗီယက်နမ်ဈေးကွက်သို့ ဝင်ရောက်ခွင့်ပြုခဲ့ခြင်းများပါဝင်ကြောင်းနှင့် အမေရိကန်နိုင်ငံက ဗီယက်နမ်သွင်းကုန်များအပေါ် သွင်းကုန်ခွန်(၂၀)ရာခိုင်နှုန်းကောက်ခံမည်ဖြစ် ကြောင်းဖြင့် ဖော်ပြခဲ့ပါသည်။

Source: CNBC News

https://www.cnbc.com/2025/07/15/trump-indonesia-trade-tariffs.html

(ခင်ဆွေဦး၊ စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

Category: International News