International News

တရုတ်နိုင်ငံ၏ ထိပ်တန်းဝါထွက်ဒေသအဖြစ် ရပ်တည်နေသည့် ရှင်းကျန်းဒေသသည် အနောက်ဘက်နိုင်ငံများသို့ ဆက်သွယ်မည့် ဂိတ်တံခါးပေါက်တစ်ခုဖြစ်လာရန် ရည်မှန်းထား

Last Updated:

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှင်းကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (Xinjiang Uygur Autonomous Region)သည် ၎င်း၏ ဒေသဆိုင်ရာတံခါးဖွင့်မဟာဗျူဟာ(regional opening-up strategy)ကို နိုင်ငံ၏ အနောက်ဘက်ဒေသတံခါးဖွင့်အစီအစဉ်အားလုံးတွင် လိုက်လျောညီ ထွေပေါင်းစည်းနိုင်ခဲ့ကြောင်း တရုတ်နိုင်ငံတော်ကောင်စီပြန်ကြားရေးရုံး(State Council Information Office)မှထုတ်ပြန်သည့် စက္ကူဖြူ စာတမ်းတွင် ဖော်ပြခဲ့သည်။

ရှင်းကျန်းသည် ယူရေးရှားတိုက်ကြီး (Eurasian continent) ကိုဖြတ်၍ ရွှေရောင်လမ်းကြောင်းတစ်ခုတည်ဆောက်ရန်နှင့် အနောက်ဘက်သို့ဆက်သွယ်မည့် တံခါးပေါက်တစ်ခုတည်ဆောက်ရန်ရည်ရွယ်ထားကြောင်း"ခေတ်သစ်တွင် ရှင်းကျန်းကိုစီမံခန့်ခွဲရန်အတွက် CPC လမ်းညွှန်ချက်များ- လက်တွေ့ကျင့်သုံးမှုနှင့် အောင်မြင်မှုများ"(CPC Guidelines for Governing Xinjiang in the New Era: Practice and Achievements) ခေါင်းစဉ်တပ်ထားသည့် စက္ကူဖြူစာတမ်းတွင် ဖော်ပြထားသည်။

ထို့ကြောင့် ရှင်းကျန်းသည် ပိုမိုကျယ်ပြန့်သောလမ်းကြောင်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်မြှင့် လုပ်ဆောင်လာခဲ့သည်။ စက္ကူဖြူစာတမ်းအရ ရှင်းကျန်းသည် တစ်နှစ်ပတ်လုံးလုပ်ငန်းဆောင်ရွက်နိုင်သည့် Kunjirap ဆိပ်ကမ်းအပါအဝင် ဆိပ်ကမ်း ၁၉ ခုကို တည်ထောင်ခဲ့သည်။

၂၀၂၄ ခုနှစ်တွင် တရုတ်-ဥရောပ မီးရထားအမြန်လမ်း(China-Europe Railway Express)သည် ရှင်းကျန်းမှတစ်ဆင့် ကုန်းတင်ရထားစုစုပေါင်းအကြိမ်ရေ ၁၆,၄၀၀ ကြိမ်ဖြတ်သန်းခဲ့ပြီး ယင်းသည် ယင်းလမ်းကြောင်းပေါ်တွင် ရထားအရေအတွက် ၁၀,၀၀၀ ကျော်ရှိပြီဖြစ်သည့် ပဉ္စမမြောက်နှစ်အဖြစ် မှတ်တမ်းတင်နိုင်ခဲ့သည်။

စက္ကဖြူစာတမ်းအရ ၁၉၅၀ ခုနှစ်များတွင် ရှင်းကျန်း၏ စီးပွားရေးနှင့် ကုန်သွယ်ရေးမိတ်ဖက်များအရေအတွက်သည် နိုင်ငံအနည်းစုသာရှိခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် မိတ်ဖက်နိုင်ငံနှင့် ဒေသပေါင်း ၁၉၆ ခုသို့ သိသိသာသာတိုးလာခဲ့သည်။ ၂၀၂၄ ခုနှစ်တွင် ၂၁၁ ခုသို့ ရောက်ရှိခဲ့သည်။

ဖွင့်လှစ်ခြင်းအတွက် ပလပ်ဖောင်းသည် ပိုမိုတိုးတက် ကောင်းမွန်လာခဲ့သည်။ China(Xinjiang)Pilot Free Trade Zone ကို ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် အတည်ပြုတည်ထောင်နိုင်ခဲ့သည်။ တစ်နှစ်အတွင်း စီးပွားရေးလုပ်ငန်းစုစုပေါင်း ၉,၀၀၀ ကျော်သည် ဒေသ၏ စုစုပေါင်းပို့ကုန်၊သွင်းကုန် တန်ဖိုး၏ ၃၀ ရာခိုင်နှုန်းကျော်ရှိသော အဆိုပါဇုန်သို့ ပြောင်းရွှေ့လာခဲ့ကြသည်။

ထို့အပြင် ၂၀၂၄ ခုနှစ်တွင် ရှင်းကျန်းဒေသ၏ ဝါဂွမ်းထုတ်လုပ်မှုသည် တန်ချိန် ၅.၆၉ သန်းရှိခဲ့ပြီး နိုင်ငံ့စုစုပေါင်းထုတ်လုပ်မှု၏ ၉၂.၃ ရာခိုင် နှုန်းကို ပိုင်ဆိုင်ထားပြီး ၃၂ နှစ်ဆက်တိုက် နိုင်ငံ၏ ထိပ်တန်းဝါထွက်ဒေသအဖြစ် ဆက်လက်ရပ်တည်လျက်ရှိသည်။ စက္ကူဖြူစာတမ်းဖော်ပြချက်အရ ရှင်းကျန်းဒေသသည် ထွန်ယက်စိုက်ပျိုးခြင်းနှင့် ရိတ်သိမ်းခြင်းလုပ်ငန်းများ၌ စက်မှုလယ်ယာစနစ်အသုံးပြုမှုနှုန်းသည် ၉၇ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့ကြောင်း တွေ့ရှိရသည်။

အမျိုးသားမဟာဗျူဟာလိုအပ်ချက်များကို အလေးထားလျက် ၎င်း၏ သဘာဝအရင်းအမြစ်များနှင့် စက်မှုလုပ်ငန်းစွမ်းရည်များကို အသုံးချ၍ ရှင်းကျန်းသည် ၎င်း၏ကိုယ်ပိုင်ထူးခြားသော အားသာချက်များ(its own unique advantages)ဖြင့် ခေတ်မီစက်မှုလုပ်ငန်းစနစ်တစ်ရပ်(a modern industrial system) ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုများကို အရှိန်မြှင့်တင်ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်။

ရှင်းကျန်းသည် "စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု"နှင့် "ပြည်ပဆက်ဆံရေး" ဟူသော ဝိသေသလက္ခဏာနှစ်ရပ်ဖြင့် ပေါင်းစပ်ဖော်ဆောင်နေသော ဒေသအဖြစ် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ဝါဂွမ်းကဏ္ဍတွင် စက်မှုလယ်ယာစနစ်မြင့်မားစွာအသုံးပြုနိုင်မှုသည် ထုတ်လုပ်မှုစွမ်းရည်နှင့် စီးပွားရေးထိရောက်မှုတို့ကို သိသိသာသာမြှင့်တင်ပေးနိုင်သည်ကို ဖော်ဆောင်ပေးလျက်ရှိကြောင်းနှင့် ၎င်း၏ ဖွံ့ဖြိုးတိုးတက်မှုများသည် ဒေသတွင်းစီးပွားရေးတည်ငြိမ်ဖွံ့ဖြိုးမှုအတွက် ခိုင်မာသောအုတ်မြစ်ကို ချမှတ်ပေးလျက်ရှိပြီး နိုင်ငံတကာဈေးကွက်သို့ ပိုမိုဆက်သွယ်ဝင်ရောက်နိုင်ရန် အခွင့်အလမ်းများဖန်တီးပေးလျက်ရှိကြောင်း တွေ့ရှိရပါသည်။

အရင်းမြစ်။     https://en.people.cn/n3/2025/0919/c90000-20368246.html

                     https://en.people.cn/n3/2025/0919/c90000-20368239.html

(လျန်ရှန်းမုန်၊ စီးပွားရေးသံမှူး၊ ကူမင်းမြို့)

Category: International News