International News

ဗီယက်နမ်နိုင်ငံ၏ တူနာငါးတင်ပို့မှုသည် ယခုနှစ် ၇ လအတွင်း အမေရိကန်ဒေါ်လာ ၅၄၂ သန်းရရှိ

Last Updated:

ဗီယက်နမ်နိုင်ငံသည် ယခုနှစ် ပထမ ၇ လအတွင်း တူနာငါးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၅၄၂ သန်းနီးပါးရရှိခဲ့ပြီး ၂၀၂၄ ခုနှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၃ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ဗီယက်နမ်ပင်လယ်စာတင်ပို့သူများနှင့် ထုတ်လုပ်သူများအသင်း(VASEP)၏အဆိုအရ သိရှိရပါ သည်။

ဗီယက်နမ်တူနာထုတ်ကုန်များအား လက်ရှိတွင် နိုင်ငံနှင့် နယ်မြေပေါင်း‌ ၁၀၀ ကျော်သို့ တင်ပို့လျက်ရှိကြောင်း ရေးသားဖော်ပြထားပါသည်။

အမေရိကန်ပြည်ထောင်စုသည် ၇ လတာကာလအတွင်း ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂၀၅ သန်းဖြင့် အကြီးဆုံးဈေးကွက်အဖြစ် ရပ်တည်လျက်ရှိပါသည်။ ဥရောပသမဂ္ဂသည် ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၂၆ သန်းရှိကြောင်း၊ ၎င်းနောက်တွင် ကနေဒါနှင့် ဂျပန်တို့မှ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂၃ သန်းနှင့် ၂၂ သန်းအသီးသီးရှိကြောင်း ရေးသားသိရှိရပါသည်။

ဤကဏ္ဍသည် ပြီးခဲ့သည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၉၈၉ သန်းရရှိပြီး ၂၀၂၃ ခုနှစ်ထက် ၁၇ ရာခိုင်နှုန်းမြင့်တက်လာကြောင်း ဖော်ပြထားပါ သည်။ ၂၀၂၅ ခုနှစ်အတွက် ပို့ကုန်လျာထားချက်မှာ အမေရိကန်ဒေါ်လာ ၁ ဘီလီယံရှိကြောင်း ဖော်ပြထားပါသည်။

Source: VN Economy

(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)

Category: International News