Local News

မော်လမြိုင်ကုန်စည်ဒိုင်၏ ပဲမျိုးစုံနှင့်ရေထွက်ကုန် ဈေးနှုန်းဈေးကွက်

Last Updated:

၂၀၂၅ ဇူလိုင် ဒုတိယပတ်တွင် ဖြစ်ပေါ်ခဲ့သည့် မော်လမြိုင်ကုန်စည်ဒိုင်၏ ကုန်စည်ဈေးနှုန်းပေါက်ဈေးမှာ ၂၀ ပိဿာဝင် ပဲတစ်တင်းဈေးနှုန်းတွင် ပဲတီစိမ်း(အသစ်)ကျပ် ၁၂၄၀၀၀၊ မတ်ပဲ ကျပ် ၉၆၀၀၀၊ ပဲလွန်းဖြူ ကျပ် ၇၈၀၀၀၊ ဘိုကိတ် ကျပ် ၇၈၀၀၀၊ ပဲပုတ်(အသစ်) ကျပ် ၁၀၂၀၀၀၊ မြေပဲ ၁၈၄၀၀၀ ကျပ်၊ ရေထွက်ကုန် တစ်ပိဿာဈေးနှုန်းတွင် ငါးဒန် ကျပ် ၈၃၀၀၊ ငါးခုံးမ ကျပ် ၆၇၀၀၊ ငါးကြင်း ကျပ် ၉၀၀၀၊ တီလားဗီးယား ကျပ် ၁၃၅၀၀၊ ပလာတူး ကျပ် ၈၅၀၀၊ ပလာလန်း ကျပ် ၁၄၂၀၀၊ ရွှေငါး ကျပ် ၉၄၀၀၊ ငါးကွန်းရှပ် ကျပ် ၁၄၈၀၀၊ ငါးရွေးကြီး ကျပ် ၁၅၇၀၀၊ ငါးပျက် ကျပ် ၁၀၀၀၀၊ ရေချို ပုဇွန်ထုပ်(စိမ်း)အကြီး ကျပ် ၉၃၀၀၀၊ အလတ် ကျပ် ၈၅၀၀၀၊ အငယ်ကျပ် ၆၂၀၀၀ အသီးသီး ဖြစ်ပေါ်နေပါသည်။
ဇူလိုင် ပထမပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ၂၀ ပိဿာဝင် ပဲတစ်တင်း ဈေးနှုန်းတွင် မတ် ပဲတစ်တင်း ၅၀၀ ကျပ်၊ ပဲပုတ် ၂၀၀၀ ကျပ် ဈေးကျနေပြီး၊ ကျန်ပဲများစျေးငြိမ်နေကြောင်း၊ ရေထွက်ကုန်ဈေးနှုန်းတွင် ငါးပျက်တစ်ပိဿာ ၅၀၀ ကျပ် ဈေးကျနေပြီး ငါးဒန်၊ ငါးခုံးမ၊ ငါးကြင်း၊ တီလားဗီးယား၊ ပလာတူး၊ ပလာလန်း၊ ရွှေငါး၊ ငါးကွန်းရှပ်၊ ငါးရွေးကြီးတို့မှာ တစ်ပိဿာလျှင် ကျပ် ၂၀၀ မှ ၁၀၀၀ ကျပ်အထိ ဈေးတက်နေကြောင်းနှင့် ရေချိုပုစွန်ထုပ်များ ဈေးနှုန်းအပြောင်းအလဲမရှိ တည်ငြိမ်နေကြောင်း သိရှိရသည်။

မွန်ပြည်နယ်ဦးစီးမှူးရုံး

 

Category: Local News