Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲမျိုးစုံဈေးနှုန်းများ ယခင်အပတ်နှင့် ယခုအပတ်နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

‌   အောက်တိုဘာလ ဒုတိယအပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ် နေသည့် လယ်ယာထွက်ကုန်သီးနှံများဖြစ်သော  ဂျုံဖြူသန့်နှင့် ပဲမျိုးစုံဈေးကွက်တွင် ပဲတီစိမ်းကြီး၊ ပဲကြီးဈေးများငြိမ်နေပြီး ကုလားပဲ 929၊ ကုလားပဲဖြူလုံးကြီး၊ ကုလားပဲဖြူလုံးသေး၊ ကုလားပဲ ထိုင်ဝမ် နှင့် ပဲစင်းငုံ ဈေးနှုန်းများ မြင့်တက်နေကြောင်းသိရသည်။

   ယခုအပတ်အတွင်း သီးနှံတစ်တင်းပေါက်ဈေးနှုန်းများမှာ ဂျုံဖြူသန့် ၈၀၀၀၀ ကျပ်၊  ပဲကြီး ၁၃၁၀၀၀ ကျပ်၊ ပဲစင်းငုံ ၇၉၃၀၀ ကျပ်၊  ပဲတီစိမ်းကြီး ၇၀၀၀၀ ကျပ်မှ ၁၀၅၀၀၀ ကျပ်၊ ကုလားပဲဖြူလုံး ကြီး ၈၂၀၀၀ ကျပ်၊  ကုလားပဲဖြူလုံးသေး ၇၇၀၀၀ ကျပ်၊  ကုလားပဲ 929 ၈၀၀၀၀ ကျပ်၊ ကုလားပဲ ထိုင်ဝမ် ၈၄၀၀၀ ကျပ်စသည့်ပေါက်ဈေးများ ရှိကြောင်းသိရသည်။ ယခင်အပတ် ကာလတူအချိန် ပေါက်ဈေးနှုန်းများမှာ ဂျုံဖြူသန့် ၈၀၀၀၀ ကျပ်၊ ပဲကြီး ၁၃၁၀၀၀ ကျပ်၊ ပဲစင်းငုံ ၇၆၂၀၀ ကျပ်၊  ပဲတီစိမ်းကြီး ၇၀၀၀၀ ကျပ်မှ ၁၀၅၀၀၀ ကျပ်၊ ကုလားပဲဖြူလုံးကြီး ၈၁၀၀၀ ကျပ်၊  ကုလားပဲဖြူလုံးသေး ၇၆၅၀၀ ကျပ်၊  ကုလားပဲ 929 ၇၈၀၀၀ ကျပ်၊ ကုလားပဲ ထိုင်ဝမ် ၈၀၅၀၀ ပေါက်ဈေး ရှိကြောင်းသိရ သည်။

   ယခုအပတ်နှင့် ယခင်အပတ်ကာလတူပေါက်ဈေးးနှင့်နှိုင်းယှဉ်ပါက ကုလားပဲ 929  တစ်တင်း ၂၀၀၀ ကျပ်၊ ကုလားပဲဖြူလုံးကြီး တစ်တင်း ၁၀၀၀ ကျပ်၊ ကုလားပဲဖြူလုံးသေး တစ်တင်း ၅၀၀ ကျပ်၊ ကုလားပဲ ထိုင်ဝမ် တစ်တင်း ၃၅၀၀ ကျပ်နှင့် ပဲစင်းငုံ တစ်တင်း ၃၁၀၀ ကျပ် မြင့် တက်နေကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး

 

 

Category: Local News