Local News

မွန်ပြည်နယ်၏ မြို့နယ်အလိုက် ရော်ဘာဈေးနှုန်းဈေးကွက်

Last Updated:

   မိုးရွာသွန်းမှုနည်းပါးလာပြီး မွန်ပြည်နယ်အတွင်း ရော်ဘာအစေးလှီးခြင်း လုပ်ငန်းများ၏ အစေးလှီးရာသီ ပြန်လည်စတင်လာပြီး ထွက်ရှိရော်ဘာအား ဈေးနှုန်းဖွင့်လှစ် ဝယ်ယူမှုများ မွန်ပြည်နယ်ဈေးကွက်အတွင်း ဖြစ်ပေါ်လာသည်။ အရောင်းအဝယ်များပြားသည့် ရော်ဘာ RSS-3 (Ribbed Smoke Sheet-3) တစ်ပေါင်ဈေးနှုန်းမှာ ၂၀၂၅ အောက်တိုဘာ ၁၀ ရက်နေ့တွင် မုဒုံ မြို့နယ် ၂၇၉၀ ကျပ်၊ ပေါင်မြို့နယ် ၂၇၆၀ ကျပ်၊ သထုံ၊ ဘီးလင်းနှင့် ကျိုက်ထိုမြို့နယ်တွင် ၂၈၀၀ ကျပ် အသီးသီးဖြစ်ပေါ်ခဲ့ပြီး မော်လမြိုင်၊ ကျိုက်မရော၊ ချောင်းဆုံ၊ သံဖြူဇရပ်နှင့် ရေးမြို့နယ် တို့တွင် ဈေးနှုန်းဖွင့်လှစ်မှုမရှိကြောင်း သိရှိရသည်

   ယခင်ပတ် အောက်တိုဘာ  ၃ ရက်နေ့နှင့် နှိုင်းယှဉ်ပါက ရော်ဘာ  RSS-3 တစ်ပေါင်ဈေးနှုန်း မှာ မုဒုံမြို့နယ် ၂၈၂၀ ကျပ်၊ ပေါင်မြို့နယ် ၂၈၂၀ ကျပ်၊ သထုံ၊ ဘီးလင်းနှင့် ကျိုက်ထိုမြို့နယ်တွင် ၂၈၀၀ ကျပ် ဖြစ်ပေါ်ခဲ့သည့်အတွက် မုဒုံမြို့နယ်တွင် ရော်ဘာတစ်ပေါင် ၃၀ ကျပ်၊ ပေါင်မြို့နယ် တွင် ၆၀ ကျပ် ဈေးနှုန်းကျဆင်းလာပြီး သထုံ၊ ဘီးလင်းနှင့် ကျိုက်ထိုမြို့များတွင် ဈေးနှုန်း ပြောင်းလဲမှုမရှိကြောင်း ဈေးကွက်အတွင်းမှသိရှိရသည်။

မွန်ပြည်နယ်ဦးစီးမှူးရုံး

Category: Local News