Local News

အထက်မင်းလှမြို့နယ်၌ မိုးနှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

Last Updated:

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်အတွင်းရှိ ကျေးရွာများသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ဆီထွက်သီးနှံတစ်မျိုးဖြစ်သော  မိုးနှမ်းကို ဧက ၄၀ ခန့် စိုက်ပျိုးထားရှိကြောင်း သိရှိရသည်။
မိုးနှမ်းကို ဧပြီလနောက်ဆုံးပတ်တွင် စတင်စိုက်ပျိုး၍ စိုက်ပျိုးပြီး ၂ လခွဲခန့်အကြာတွင် ရိတ်သိမ်းရကြောင်း၊ နှမ်းဖြူမျိုးများကို ထွန်ကြောင်းဆွဲ အစေ့ချစနစ်ဖြင့် တစ်ဧကလျှင် မျိုးစေ့ ၇ ပြည်ခန့် အသုံးပြု၍ စိုက်ပျိုးရကြောင်း၊ မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် ယခင်နှစ်၌ စုစုပေါင်းငွေကျပ် ၃၅၀,၀၀၀ ခန့် ကုန်ကျခဲ့ပြီး ယခုနှစ်တွင် သွင်းအားစုဈေးနှုန်းများ မြင့်တက်လာသည့်အတွက် ငွေကျပ် ၄၀၀,၀၀၀ ခန့် ကုန်ကျကြောင်း၊ လက်ရှိအချိန်တွင် မိုးနှမ်းစိုက်ခင်းများမှာ အဖူးအပွင့်များ ဝေဆာ၍ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မိုးနှမ်းစိုက် တောင်သူတစ်ဦးထံမှ သိရသည်။

DOCA (မကွေး)
source: https://commerce.gov.mm

Category: Local News