Local News

ဆန်ကွဲ B(1,2) ဈေးကျ၍ ဧည့်မထဆန်ဈေးမြင့်တက်ကာ ပေါ်ဆန်မွှေးဆန်၊ ဆန်ကွဲ B (2,3,4) နှင့် ဖွဲနုဈေးတို့ တည်ငြိမ်လျက်ရှိ

Last Updated:

   ပဲခူးတိုင်းဒေသကြီးအနေဖြင့် ဆန်မျိုးစုံရောင်းဝယ်မှုအပိုင်းကဏ္ဍတွင် ကုန်ကြမ်းအနည်းအများ၊ ရန်ကုန်ဝယ်လက်နှင့် သုံးစွဲသူတို့၏  ဝယ်လိုအားအနည်းအများအပေါ်တွင် မူတည်၍ ဆန်နှင့်ဆန်ကွဲ၊ ဖွဲနုဈေးများ အတက်အကျ ဖြစ်ပေါ်လျက်ရှိသည်။
     ပဲခူးကုန်စည်ဒိုင်အနေဖြင့် ၂၀.၁၀.၂၀၂၅ ရက်နေ့တွင် ဧည့်မထဆန် (မနောသုခ)(ဟောင်း) တစ်အိတ် ၆၀၀၀၀ ကျပ်၊ ဧည့်မထဆန် (မနောသုခ)(သစ်)တစ်အိတ် ၄၅၀၀ဝ ကျပ်၊ ပေါ်ဆန်းမွှေးဆန် တစ်အိတ် ၁၁၀၀၀ဝ ကျပ်၊ ဆန်ကွဲ B(1,2) တစ်အိတ် ၄၅၀၀ဝ ကျပ်၊ ဆန်ကွဲ B(2,3,4) တစ်အိတ် ၄၀၀၀ဝ ကျပ်နှင့် ဖွဲနုတစ်အိတ် ၂၂၈၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ၂၇.၁၀.၂၀၂၅ ရက်နေ့တွင် ဧည့်မထဆန် (မနောသုခ)(ဟောင်း) တစ်အိတ် ၆၅၀၀၀ ကျပ်၊ ဧည့်မထဆန်(မနောသုခ) (သစ်)တစ်အိတ် ၄၈၀၀ဝ ကျပ် ၊ပေါ်ဆန်းမွှေးဆန်တစ်အိတ် ၁၁၀၀၀ဝ ကျပ်၊ ဆန်ကွဲB(1,2)တစ်အိတ် ၄၃၀၀ဝ ကျပ်၊ ဆန်ကွဲB(2,3,4) တစ်အိတ် ၄၀၀၀ဝ ကျပ်နှင့် ဖွဲနုတစ်အိတ် ၂၂၈၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ 
     ယခုတစ်ပတ်ကာလတူ နှိုင်းယှဉ်ချက်အရ ဆန်ကွဲB(1,2)တစ်အိတ် ၂၀၀ဝ ကျပ်ဈေးကျ၍ ဧည့်မထဆန်(မနော သုခ)(ဟောင်း)တစ်အိတ် ၅၀၀ဝ ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်)တစ်အိတ် ၃၀၀၀ ကျပ်တို့ဖြင့် ဈေးများမြင့်တက်ကာ ပေါ်ဆန်းမွှေးဆန်၊ ဆန်ကွဲB(2,3,4)နှင့် ဖွဲနုဈေးများ တည်ငြိမ် လျက်ရှိသည်။ ဆန်ကွဲ B(1,2) ဈေးကျဆင်းသွားခြင်းသည် ကုန်ကြမ်းများပြီး ဝယ်လိုအားနည်းခြင်းကြောင့် ဈေးကျဆင်းသွားခြင်းဖြစ်ပြီး ဧည့်မထဆန်(မနော သုခ)(ဟောင်း)နှင့် ဧည့်မထဆန် (မနောသုခ)(သစ်) ဈေးမြင့်တက်သွားခြင်းသည် ကုန်ကြမ်းနည်းပြီး ဝယ်လိုအားများခြင်းကြောင့် ဈေးမြင့်တက်သွားခြင်းဖြစ်ပါကြောင်း ပဲခူးကုန်စည်ဒိုင်ဥက္ကဋ္ဌထံမှ သိရသည်။
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News