အကောင့်ဝင်ရန် / မှတ်ပုံတင်ရန်

ပို့ကုန်လုပ်ငန်းရှင်များအတွက်

Beans Pulses and Oilseeds

မြန်မာ့နှမ်း (Myanmar Sesame Seeds)

           မြန်မာနိုင်ငံသည် နှမ်းအများဆုံးထုတ်လုပ်သော နိုင်ငံတစ်ခုဖြစ်ပါသည်။ ကုလသမဂ္ဂ စားနက်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ(FAO)က မြန်မာနိုင်ငံကို ဒုတိယနှမ်းအများဆုံး ထုတ်လုပ်သော နိုင်ငံအဖြစ် တရားဝင်သတ်မှတ်ထားပါသည်။ အခြားထိပ်တန်းတင်ပို့သော နိုင်ငံများနှင့် နိုင်းယှဉ်လျှင် မြန်မာ့နှမ်းကို ဓာတုဗေဒပစ္စည်းအလျင်နည်းပါးစွာဖြင့် ထုတ်လုပ်ထားပါသည်။

 

မြန်မာနိုင်ငံမှ နှမ်းကို ဘာကြောင့် ဝယ်ယူသင့်သလဲ?

           နှမ်းသည် မြန်မာနိုင်ငံတွင် အကျယ်ပြန့်ဆုံး စိုက်ပျိုးသော ဆီထွက်သီးနှံဖြစ်ပါသည်။ နှမ်းသည် မြန်မာနိုင်ငံတွင် အများဆုံးထွက်ရှိသည့် ဆီထွက်သီးနှံဖြစ်ပြီး စုစုပေါင်းဆီထွက်သီးနှံ စိုက်ပျိုးဧရိယာ၏ ၄၃ ရာခိုင်နှုန်းဖြစ်သော ဟက်တာ ၁.၆ သန်းခန့်တွင် စိုက်ပျိုးလျက်ရှိပါသည်။

           ထူးခြားကောင်းမွန်သော ရာသီဥတုအခြေအနေနှင့် ဓာတုပစ္စည်းသုံးစွဲမှုနည်းပါးခြင်း တို့ကြောင့် မြန်မာ့နှမ်းသည် အရည်အသွေးမြင့်မားပါသည်။ နှမ်းကို မြန်မာနိုင်ငံအလယ်ပိုင်း ခြောက်သွေ့ဒေသများတွင် ရေပေါများစွာအသုံးပြု၍ စိုက်ပျိုးပါသည်။ မြန်မာ့နှမ်းသည် အမှုန်အမွှား၊ သဲ၊ အညစ်အကြေးနှင့် အခြားအရောအနှောများနှင့် ပိုးသတ်ဆေးအကြွင်းအကျန်များ စသည်တို့ကင်းစင်ပါသည်။ မြန်မာတောင်သူလယ်သမားတို့သည် ရှေ့အစဉ်အဆက်ကပင် နှမ်းကို စိုက်ပျိုးထုတ်လုပ်လာခဲ့ကြပါသည်။

           နှမ်းသည် ပြည်တွင်းထွက်စားသောက်ကုန်များတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ပါသည်။ နှမ်းထုတ်လုပ်မှု စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းကို ပြည်တွင်း၌ မုန့်ပဲသွားရည်စာများ၊ ရနံ့မွှေးပျံ့ စေသော စားစရာများ၊ အထူးသဖြင့် စားသုံးဆီအပြင် ပြည်တွင်း၌ စားသုံးကြပါသည်။

 

ပို့ကုန်အနေအထား (Export Structure)

           နှမ်းသည်အဓိကမြန်မာ့ဆီထွက်သီးနှံဖြစ်ပြီး ဆီထွက်သီးနှံ ပို့ကုန်စုစုပေါင်း၏ ၉၄ ရာခိုင်နှုန်းခန့် ပါဝင်ပါသည်။ မြန်မာ့နှမ်းပြည်ပတင်ပို့မှုသည် ၂၀၁၇ တွင် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၁၁ သန်းနှင့် ပမာဏအားဖြင့် ၇၈၀၀၀ တန်အထိ မြင့်တက်လာခဲ့သည်။

 

Read Full Report on Myanmar Sesame Seeds Export Capabilities