International News

ကိုရိုနာကပ်ရောဂါ ပြန့်ပွားနေသည့် ကာလအတွင်း အရှေ့တောင်အာရှနိုင်ငံများ၏ စီးပွားရေးအခြေအနေများ ထိုင်းမှိုင်းနေ

Last Updated:

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါပြန့်ပွားကူးစေနေသဖြင့် ခရီးသွားလုပ်ငန်းနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်း နယ်ပယ်များတွင် သိသိသာသာ ထိခိုက်နစ်နာမှုများ ရင်ဆိုင်နေရ သဖြင့် အရှေ့တောင်အာရှနိုင်ငံများ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှ မတ်လအထိ သုံးလပတ်ကာလအတွင်း ထိုင်းမှိုင်းနှေးကွေးနေခဲ့ ကြောင်း တွေ့ရပါသည်။

အရှေ့တောင်အာရှရှိ စီးပွားရေးအင်အားကြီး နိုင်ငံများ၏ စီးပွားရေးပိုင်း အချက် အလက်များအရ ထိုင်းနိုင်ငံ၏  GDP သည် ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ယခုနှစ်သုံးလပတ်တွင်  ၈ နှစ်တာအတွင်း အနိမ့်ဆုံးဖြစ်သည့် အနုတ် (- ၁.၈ %)  ကျဆင်းနေကြောင်းသိရပါသည်။ စင်္ကာပူနိုင်ငံ၏ စီးပွားရေးသည် ၂.၂ %  ကျဆင်း နေပြီး ဖိလစ်ပိုင်နိုင်ငံသည်  ၂၁ နှစ်တာကာလအတွင်း ပထမဦးဆုံးအဖြစ် ၀.၂ % လျော့ကျခဲ့ကြောင်း သိရ ပါသည်။ အင်ဒိုနီးရှားနိုင်ငံ၏ စီးပွားရေး တိုးတက်မှု သည် ၂.၉  %  ကျဆင်းခဲ့ပြီး ၂၀၀၁ ခုနှစ် နောက်ပိုင်းတွင် အထိုင်းမှိုင်းဆုံးဖြစ်ကြောင်း သိရပါသည်။

နှစ်စဉ် စီးပွားရေးတိုးတက်မှုနှုန်း ၇  %  ဝန်းကျင်ခန့်ဖြင့် ဆက်တိုက် တိုးတက်နေခဲ့ သည့်  ဗီယက်နမ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုသည်  ယခုနှစ်  သုံးလပတ်ကာလ တွင် ၃.၈ %  အထိ လျော့ကျသွားကာ မလေးရှားနိုင်ငံ၏ တိုးတက်မှုနှုန်းမှာမူ ၀.၇ ရာခိုင်နှုန်း အထိ လျော့ ကျခဲ့ကြောင်း သိရပါသည်။

ကိုရိုနာကပ်ရောဂါ၏ ကာလတာရှည်စွာ  ဂယက်ရိုက်မှုများကြောင့် အရှေ့တောင် အာရှနိုင်ငံများ၏ စီးပွားရေးတိုးတက်မှုနှုန်းသည်  ဧပြီလ မှ ဇွန်လအထိလာမည့် သုံးလပတ် ကာလတွင်လည်း ဆက်လက်၍ ထိုင်းမှိုင်းနှေးကွေးနေနိုင်ကြောင်း စီးပွားရေး ကျွမ်းကျင် ပညာရှင်များက လေ့လာသုံးသပ်နေကြပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

 

 

 

Category: International News