International News

ကိုရိုနာကူးစက်ကပ်ရောဂါကြောင့် စီးပွားရေး စွမ်းဆောင်ရည် ကျဆင်းလာ၍ Joyful Family Restaurant ၏ ဆိုင်ခွဲပေါင်း ၂၀၀ အထိ ပိတ်သိမ်းလာနိုင်

Last Updated:
ဂျပန်နိုင်ငံ၊ အနောက်ဘက်ဒေသများတွင် အဓိက ဖွင့်လှစ်ထားသော Joyful Family Restaurant သည် ဇူလိုင်လနောက်ပိုင်းမှစ၍ ဆိုင်ခွဲပေါင်း ၂၀၀ ကို ပိတ်မည်ဖြစ်ကြောင်း ဇွန်လ ၈ ရက်နေ့က ထုတ်ပြန်ကြေငြာခဲ့ပါသည်။ ကိုရိုနာကူးစက်ကပ်ရောဂါပြန့်နှံ့မှုကို ထိန်းချုပ်ရန်အတွက် အစိုးရက ပြည်သူများ အား မလိုအပ်ဘဲနေအိမ်အပြင်မထွက်ရန် တိုက်တွန်းခဲ့မှုကြောင့် စီးပွားရေး စွမ်း ဆောင်ရည် ဆိုးရွားစွာ ကျဆင်းလာခဲ့ခြင်းဖြစ်ပါသည်။
အဆိုပါ စားသောက်ဆိုင်လုပ်ငန်းဆောင်ရွက်သည့် ကုမ္ပဏီသည် လက်ရှိ အခြေအနေအထိ ကျူးရှူးဒေသအပါအဝင် တစ်နိုင်ငံလုံး၌ ဆိုင်ပေါင်း ၇၁၃ ဆိုင်ကို ဖွင့်ထားသော်လည်း ကိုရိုနာ ကူးစက်ကပ်ရောဂါကြောင့် ဧပြီလနှင့် မေလ နှစ်လဆက်တိုက် ရောင်းအားမှာ ပြီးခဲ့သော ၂၀၁၉ ခုနှစ် နှင့် နှိုင်းယှဉ်လျှင် ၅ ဆ ကျော်ကျဆင်းလာခဲ့ပါသည်။ 
စားသောက်ဆိုင်ခွဲများ ပိတ်သိမ်းရသည့် နောက်ဆက်တွဲ အကျိုးသက်ရောက်မှုကို  တွက်ချက်ခြင်းနှင့် စီးပွားရေး စွမ်းဆောင်ရည်အပေါ် သုံးသပ်ရန် ပြင်ဆင်နေ ပါကြောင်း၊  ကိုရိုနာ ကူးစက်ကပ်ရောဂါဂယက်ကြောင့် ဆိုင်လုပ်ငန်းများ လည်ပတ်မှုအပေါ် သက်ရောက်လာပြီး   အမြတ် အစွန်းကို တိုးတက်အောင် မဆောင်ရွက်နိုင်သည့် ဆိုင်ခွဲများအား ပိတ်သိမ်းမည်ဖြစ်ကြောင်း စသည် ဖြင့် စီမံခန့်ခွဲသွားမည့် နည်းလမ်းကို အဆိုပါကုမ္ပဏီက ပြောကြားခဲ့ပါသည်။           
အလားတူ ကိုရိုနာဂယက်သက်ရောက်မှုကြောင့် စားသောက်ဆိုင်များသို့ လာရောက်ကြသူ စားသုံးသူများ လျော့ကျသွားသည့်အတွက် မိသားစုလုပ်ငန်းစုဖြစ်သည့် Royal Holdings သည် ၂၀၂၁ ခုနှစ်အကုန်တွင်“ Royal Host” စားသောက်ဆိုင်ပေါင်း ၇၀ ခန့်ကိုလည်း ပိတ်သိမ်းရန် စီစဉ်နေ ကြောင်းသိရပါသည်။ အခြားသော စားသောက်ဆိုင်များဖြစ်ကြသည့် Watami နှင့် Kappa Sushi စသည်တို့လည်း အမြတ်အစွန်းမရရှိနိုင်သည့် ဆိုင်ခွဲများကို ပိတ်သိမ်းရန် ပြင်ဆင်နေကြောင်း  ကြေငြာခဲ့ပါသည်။ 

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)


 
Category: International News