International News

ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် ဒေဝါလီခံရသည့် ဂျပန်ကုမ္ပဏီ ၂၀၀ ခန့်ရှိလာပြီဖြစ်

Last Updated:

ကိုရိုနာဗိုင်းရပ်စ်ပြန်ပွားမှု၏ နောက်ဆက်တွဲဂယက်အဖြစ် ဟော့ကိုင်းဒိုးဒေသရှိ ဟင်းသီးဟင်းရွက်နှင့် အသားများ အသုံးပြု၍ အသားလုံးကြော်ထုတ်လုပ်သည့် Hokkaido Santomiya ကုမ္ပဏီအပါအဝင် ဂျပန်နိုင်ငံတစ်ဝှမ်း၌ ကုမ္ပဏီ ၂၀၀ ကျော် ဒေဝါလီခံခဲ့ရကြောင်း သိရပါသည်။

ဇွန်လ ပထမအပတ် သတင်းအချက်အလက်များအရ လုပ်ငန်းဆုံးရှုံးသည့် ကုမ္ပဏီပေါင်း ၂၀၂ ခု ရှိကြောင်း၊ ဗိုင်းရပ်စ် ပြန့်ပွားမှုကြောင့် အရေးပေါ်အခြေအနေကြေငြာပြီး ပြီးခဲ့သည့် မေလ ၂၅ ရက်နေ့အထိ အစိုးရ၏ အသွားအလာကန့် သတ်ရေး တောင်းဆိုမှုများကြောင့် တည်းခိုနေထိုင်ရေးလုပ်ငန်းမှာ အထိနာဆုံးဖြစ်ပြီး အရေအတွက် ၃၉ ခုရှိကြောင်း သိရပါသည်။

စားသောက်ဆိုင်လုပ်ငန်းများမှာ ဒုတိယဆုံးရှုံးမှုအများဆုံးဖြစ်ပြီး အထည်အလိပ်ရောင်းဝယ်ရေး၊ ကုန်မျိုးစုံရောင်း ဝယ်ရေးနှင့် လက်လီအရောင်းကဏ္ဍတို့မှာလည်း သိသိသာသာ ထိခိုက်ခံခဲ့ရပါသည်။

ကိုရိုနာဗိုင်းရပ်စ်နှင့်ဆက်နွယ်သည့် ဒေဝါလီခံရမှုများသည် ဂျပန်နိုင်ငံရှိ စီရင်စုဒေသ ၃၉ ခု တွင် အများဆုံးတွေ့ရပြီး မြို့တော်တိုကျိုတွင် လုပ်ငန်းအရေအတွက် ၄၅ ခုဖြင့် အများဆုံးတွေ့ရပါသည်။ အိုဆာကာတွင် ၁၇ ခု၊ ဟျိုးဂိုးစီရင်စု တွင် ၁၃ ခုနှင့် ရှီဇူအိုကာစီရင်စုတွင် ၁၂ ခု စသည်ဖြင့် အများဆုံးတွေ့ရပါသည်။

(မြန်မာစီးပွားရေးသံမှူး တိုကျိုမြို့)
ရင်းမြစ်။ The Japan Times, The Japan News, The Yomiuri Shimbun, The NHK World.

Category: International News