International News

ခရီးသွားလုပ်ငန်းများ ကောင်းမွန်စေရန် ဗိုင်းရပ်စ်ကူးစက်မှုထိန်းချုပ်နိုင်သည့် နိုင်ငံများအကြား ခရီးသွားလာခွင့်ပြုသင့်ကြောင်း

Last Updated:

COVID-19 ကြောင့် ခရီးသွားလုပ်ငန်းအား ပိတ်သိမ်းလုနီးပါးဖြစ်နေသည့် အခြေအနေမှ ပြန်လည်ကောင်းမွန်လာစေရန် အချိန်လိုအပ်လျက်ရှိရာ COVID-19 ကူးစက်မှု ထိန်းချုပ်နိုင်သောနိုင်ငံများနှင့် အသွားအလာကန့်သတ်မှုများ ဖြေလျှော့ပေးပြီး စီးပွားရေးလုပ်ငန်းများနှင့် ခရီးသွားလုပ်ငန်းများ ကောင်းမွန်လာအောင် ‌‌ဆောင်ရွက်ရန် အစီအစဉ် (travel bubbles) ကိုခွင့်ပြုပေးနိုင်ရန် ဟောင်ကောင်ခရီးသွားလုပ်ငန်းမှ ဒေသအစိုးရအား အရေးတကြီး တိုက်တွန်းပြောကြားခဲ့ကြောင်း၊ သို့သော် COVID-19 ကူးစက်မှုထိန်းချုပ်နိုင်သောဒေသများဖြစ်သည့် ဟောင်ကောင်၊ မကာအိုဒေသနှင့်ကွမ်တုံးပြည်နယ်တို့အကြား၌ပင် အဆိုပါခရီးသွား အစီအစဉ်အား မည်သည့်အချိန်တွင် အကောင်အထည်ဖော်နိုင်မည်မှာ သေချာမှုမရှိသေးကြောင်း၊ ဧပြီလကုန်ကတည်းက အထူးအုပ်ချုပ်ခွင့်ရဒေသနှစ်ခုအကြား ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်ရန် ဟောင်ကောင်နှင့် မကာအိုဒေသ အစိုးရတို့အား ခရီးသွားလုပ်ငန်းများမှ တိုက်တွန်းပြောကြားလျက်ရှိကြောင်း၊ သို့ဖြစ်ရာ အထူးအုပ်ချုပ်ခွင့်ရဒေသနှစ်ခုအကြား ဇွန်လအတွင်း (သို့မဟုတ်) လာမည့်ဇူလိုင်လ၌ ခရီးသွားလာမှုများ ပြန်လည်စတင်ရန် မျှော်လင့်ထားကြောင်း၊ ဟောင်ကောင်ဒေသအစိုးရမှလည်း အထူး အုပ်ချုပ်ခွင့်ရ ဒေသနှစ်ခုအကြားတွင် သာမက COVID-19 ကူးစက်မှု ထိန်းချုပ်နိုင်သော နိုင်ငံများနှင့်လည်း ခရီးသွားလာမှုများ ပြန်လည်စတင်နိုင်ရန် ရှာဖွေနေရာ ဂျပန်၊ ကိုရီးယားနှင့် ထိုင်းနိုင်ငံတို့ပါဝင်ကြောင်း၊ ‌ဟောင်ကောင်ဒေသ၌ COVID-19 ကူးစက် ခံရသူဦးရေ (၁,၁၀၇) ဦးနှင့် သေဆုံးသူ (၄) ဦးရှိပြီး ၉-၆-၂၀၂၀ ရက်နေ့အထိ ကူးစက်မှု မရှိသည်မှာ (၅) ရက်ရှိပြီဖြစ်ကြောင်း၊ မကာအိုဒေသတွင် ကူးစက်ခံရသူဦးရေ (၄၅) ဦးရှိခဲ့ပြီး သေဆုံးသူမရှိဘဲ အားလုံးရောဂါပျောက်ကင်းသွားကြောင်း၊ ယခုအခါ ကူးစက်သူတစ်ဦးမှမရှိပါကြောင်း၊ ဒေသအစိုးရအနေဖြင့် ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်ရန်နည်းလမ်းများ ရှာဖွေနေသော် လည်း အစုလိုက်အပြုံလိုက် ကူးစက်ခံရမှု ရှိခဲ့သောကြောင့် အစီအစဉ်နှောင့်နှေးကြန့်ကြာလျက်ရှိကြောင်း၊ ဒေသအစိုးရမှ ၇-၇- ၂၀၂၀ ရက်နေ့အထိ ခရီးသွားလာမှု ကန့်သတ်ချက်များ ဆက်လက် တိုးမြှင့်ပြီး လူအချင်းခပ်ခွာခွာနေထိုင်မှုများလည်း ဆက်လက်ဆောင်ရွက်လျက်ရှိရာ ခရီးသွားလုပ်ငန်းများအနေဖြင့် အကျပ်အတည်းဖြစ်နေကြောင်း၊ အစိုးရမှ ကူးသန်း သွားလာမှုများ ဆက်လက်ပိတ်မည်ဆိုပါက ခရီးသွားလုပ်ငန်း ကုမ္ပဏီများ ရှင်သန်နိုင်ရန် ရုန်းကန်လှုပ်ရှားနေရမည်ဖြစ်ကြောင်း၊ ခရီးသွားများ ပြန်လည်စတင်သွားလာ နိုင်လျှင် မကာအိုနှင့် ကွမ်တုံးပြည်နယ်တို့အကြား ခရီးသွားလုပ်ငန်းများမြှင့်တင်နိုင်မည်ဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းများမှာ လပေါင်းများစွာဝင်ငွေမရှိဘဲ ဒေသအစိုးရ ၏ လစာထောက်ပံ့မှုအစီအစဉ်မှာလည်း ခရီးသွားလုပ်ငန်းများအတွက် အထောက်အပံ့ကောင်းဖြစ်ကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁၀ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ Kathleen Magramo က “Desperate tourism industry pushes for ‘travel bubbles’ ”ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြ ထားပါသည်။

 

(မြန်မာကောင်စစ်ဝန်ရုံး၊ ဟောင်ကောင်)

Category: International News