International News

ဂျာမနီနိုင်ငံတွင် စားသုံးသူများ၏ ဝယ်ယူစားသုံးမှုဆက်လက်ကျဆင်းနေ

Last Updated:

ဂျာမနီနိုင်ငံတွင် စားသုံးသူများ၏ ဝယ်ယူစားသုံးမှုများသည် မြင့်တက်လာနေသော စွမ်းအင်ဈေးနှုန်းများနှင့် ငွေကြေးဖောင်းပွမှုများကြောင့် ဝယ်ယူစားသုံးမှုများ ဆက် လက်ကျဆင်းနေလျှက်ရှိကြောင်း နူရင်ဘတ်မြို့အခြေစိုက် ဈေးကွက်သုတေသနအဖွဲ့ Growth from Knowledge (GfK) က လေ့လာသုံးသပ်ထုတ်ပြန်လိုက်ပါသည်။

GfK က အောက်တိုဘာလအတွက် စားသုံးသူဝယ်ယူစားသုံးနိုင်စွမ်းကို -(၄၂.၅) အမှတ်ထိ ခန့်မှန်းထားရှိပြီး စက်တင်ဘာလကထက် ၅.၇ အမှတ် ထပ်မံလျော့နည်း ခန့်မှန်းလိုက်ခြင်းဖြစ်ပါသည်။ GfK consumer expert ဖြစ်သူ Rolf Bürkl က လက်ရှိ ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်နေမှုသည် စားသုံးသူများ၏ ဝင်ငွေကို ထိခိုက် စေပြီး ဝယ်ယူစားသုံးနိုင်စွမ်း (purchasing power) ကို လျော့ကျလာစေကြောင်း၊ အိမ်ထောင်စုအများစုသည် လက်ရှိအခြေအနေတွင် အခြားဝယ်ယူသုံးစွဲမှုများထက် စွမ်းအင်သုံးစွဲမှုကုန်ကျခြင်းအတွက် ပိုမိုအလေးထားဆောင်ရွက်လာကြကြောင်း၊ ထိုသို့ ဝယ်ယူသုံးစွဲမှုများ လျော့ကျလာခြင်းသည် စီးပွားရေးကျဆင်းမှုကို ဦးတည်လာ နေကြောင်း၊ စားသုံးသူများအနေဖြင့် ဂျာမနီနိုင်ငံ၏ စီးပွားရေးကျဆင်းလာသည့်အခြေအနေအပေါ် များစွာအာရုံစိုက်မှုရှိနေပြီး အိမ်ထောင်စုများနှင့် စီးပွားရေးလုပ်ငန်း များအနေဖြင့် မြင့်တက်လာနေသော စွမ်းအင်ဈေးနှုန်းများအပေါ် စိုးရိမ်ထိတ်လန့်မှုများရှိနေကြကြောင်း၊ ပြောဆိုပါသည်။

ဂျာမနီနိုင်ငံ၏ စီးပွားရေးဆိုင်ရာညွှန်းကိန်းများသည် စက်တင်ဘာလအတွင်း အကျဘက်သို့ ဦးတည်ကာ -(၂၁.၉) အမှတ်သို့ ရောက်ရှိလာခြင်းသည် ၂၀၀၉ ခုနှစ် စီးပွားရေးအကြပ်အတည်းကာလတွင် ရှိခဲ့သော -(၂၆) နောက်ပိုင်း အနိမ့်ဆုံးအဆင့်ဖြစ်ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘာလင်မြို့)

https://www.dw.com/en/germany-consumer-confidence-continues-to-plummet-amid-inflation-high-energy-prices/a-63261983

 

Category: International News