International News

ဂျာမနီနိုင်ငံ၏ ကုန်သွယ်စီးပွားရေးနှင့် မြန်မာနိုင်ငံနှင့်ကုန်သွယ်မှုအခြေအနေ

Last Updated:

ဂျာမနီနိုင်ငံတွင် Federal Statistical Office (Destatis)  ၏ စာရင်းထုတ်ပြန်ချက်အရ အောက်တိုဘာလ၌ စက်မှုကဏ္ဍရှိထုတ်လုပ်မှုများသည် ယခင်လကထက် (.) ရာခိုင်နှုန်း၊ လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုများသည် (.)ရာခိုင်နှုန်း နှင့် စွမ်းအင်ထုတ်လုပ်မှုများသည် (.)ရာခိုင်နှုန်းလျော့နည်းကျဆင်းလာခဲ့ကြောင်း၊ စွမ်းအင်ဈေးနှုန်းများမြင့်တက်နေသော် လည်း ကျောက်မီးသွေးစက်ရုံ များနှင့် သဘာဝဓါတ်ငွေ့များမှ လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှု များသည် တိုးတက်လာနေကြောင်း သိရှိရပါသည်။ အခြားတစ်ဖက်တွင်လည်း ထုတ်လုပ်မှု ကဏ္ဍတွင် အမှာစာများလက်ခံရရှိမှုသည် အောက်တိုဘာလတွင် စက်တင်ဘာလထက် (.) ရာခိုင်နှုန်းတိုးတက်လာခဲ့ပြီး၊ ၂၀၂၁ခုနှစ်ကာလတူထက် (.)ရာခိုင်နှုန်းကျဆင်း လာခဲ့ကြောင်း၊ ဝန်ဆောင်မှုကဏ္ဍတွင် ဝင်ငွေရရှိမှုများသည် စက်တင်ဘာလတွင် ယခင်လကထက် (.) ရာခိုင်နှုန်းနှင့် ၂၀၂၁ခုနှစ် ကာလတူထက် (၁၂)ရာခိုင်နှုန်းအသီးသီးတိုးတက် လာခဲ့ကြောင်း တွေ့ရှိရပါသည်။ စိုက်ပျိုးရေးကဏ္ဍထုတ်လုပ်သူဈေးနှုန်းများမှာ အောက်တိုဘာလတွင် ယခင်လ ကထက် (.) ရာခိုင်နှုန်း၊ ၂၀၂၁ခုနှစ်ကာလတူထက် (၃၇.)ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း၊ စိုက်ပျိုးရေးအပင်ဈေးနှုန်းများနှင့် တိရစာ္ဆန်ထွက်ကုန်ပစ္စည်းဈေးနှုန်းများမှာလည်း ၂၀၂၁ခုနှစ် ကာလတူထက် (၂၆)ရာခိုင်နှုန်းနှင့် (၄၆.)ရာခိုင်နှုန်း အသီးသီးတိုးတက်လာခဲ့ကြောင်း၊ သိရှိရ ပါသည်။ ဂျာမနီနိုင်ငံတွင် ခရီးသွားကဏ္ဍ၌ ၂၀၂၂ခုနှစ် အောက်တိုဘာလတွင် Federal Statistical Office (Destatis)  ၏ စာရင်းထုတ်ပြန်ချက်အရ ခရီးသွားညအိပ်တည်းခိုသူအရေ အတွက်သည် (၄၄.)သန်းရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် (.)ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း သိရှိရပါသည်။

ပို့ကုန်ပိုင်းတွင် Federal Statistical Office (Destatis) ၏ ထုတ်ပြန်ချက်အရ ၂၀၂၂ခုနှစ် အောက်တိုဘာလ၌ ယူရို(၁၃၅.)ဘီလီယံတင်ပို့ခဲ့ပြီး ၂၀၂၁ခုနှစ်ကာလတူထက် (၁၁.)ရာခိုင်နှုန်း တိုးတက်လာခဲ့ကာ အမေရိကန်နိုင်ငံသို့ ယူရို(၁၃.)ဘီလီယံတန်ဘိုးရှိ မော်တော်ကား၊နောက်တွဲ ယာဉ်များနှင့် စက်ပစ္စည်းများတင်ပို့ခဲ့ပြီး ပြင်သစ်နိုင်ငံသို့ ယူရို(၁၀.) ဘီလီယံ၊ နယ်သာလန်နိုင်ငံသို့ ယူရို(.)ဘီလီယံနှင့် ရုရှားနိုင်ငံသို့ ယူရို()ဘီလီယံဘိုး တင်ပို့မှုရှိခဲ့ပါသည်။ သွင်းကုန်တန်ဘိုးမှာ ယူရို(၁၃၀.)ဘီလီယံရှိခဲ့ပြီး တရုတ်နိုင်ငံမှ ယူရို(၁၇.) ဘီလီယံဖြင့် အများဆုံး တင်သွင်းခဲ့ပြီး ရုရှားနိုင်ငံမှ ယူရို(.)ဘီလီယံတန်ဘိုး တင်သွင်းခဲ့ကြောင်း သိရှိရပါသည်။ ဂျာမနီနိုင်ငံအနေဖြင့် အောက်တိုဘာလတွင် ပို့ကုန်ပိုငွေ ယူရို(.)ဘီလီယံ ရရှိခဲ့ပြီး အမေရိကန်နိုင်ငံနှင့် ကုန်သွယ်မှုပိုငွေ မှာ စက်တင်ဘာလတွင် ယူရို(.)ဘီလီယံမှ အောက်တိုဘာလတွင် ယူရို(.)ဘီလီယံသို့ ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။ ဂျာမနီနိုင်ငံမှ အီးယူပြင်ပနိုင်ငံများသို့ ၂၀၂၂ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း ပို့ကုန်များတင်ပို့ရာတွင် (၅၅.)ရာခိုင်နှုန်းမှာ ယူရိုငွေကြေးကို အသုံးပြု၍ ကုန်သွယ်မှုပြုခဲ့ကြောင်း၊ အခြား ငွေကြေးများဖြင့်ပို့ကုန်ဆောင်ရွက်မှုများမှာ အမေရိကန်ဒေါ်လာဖြင့် (၂၅.)ရာခိုင်နှုန်း၊ တရုတ်ယွမ်ဖြင့် ()ရာခိုင်နှုန်းနှင့် ဗြိတိသျှ ပေါင်စတာလင်ဖြင့် ()ရာခိုင်နှုန်းတို့ ဖြစ်ကြောင်း သိရှိရပါသည်။

 

မြန်မာနိုင်ငံနှင့်ကုန်သွယ်မှု

          မြန်မာနိုင်ငံနှင့်ကုန်သွယ်မှုတွင် Federal Statistical Office (Destatis) ၏ ထုတ်ပြန်ချက်အရ ၂၀၂၂ခုနှစ် အောက်တိုဘာလ၌ ဂျာမနီနိုင်ငံက မြန်မာနိုင်ငံသို့ ပို့ကုန် ယူရို(.၄၅၄)သန်းတင်ပို့ခဲ့ပြီး ဂျာမနီနိုင်ငံက မြန်မာနိုင်ငံမှ သွင်းကုန် ယူရို(၁၈၈.၁၂၇)သန်းတင်သွင်းမှုရှိခဲ့ပါသည်။  စက်တင် ဘာလတွင် ဂျာမနီနိုင်ငံက မြန်မာနိုင်ငံမှ သွင်းကုန် ယူရို(၂၁၄.၄၅၈)သန်းရှိခဲ့ရာမှ အောက်တိုဘာလ တွင် ယူရို(၂၆.၃၃၁)သန်းလျော့နည်းတင်သွင်းခဲ့ခြင်း ဖြစ်ပါသည်။ သို့ဖြစ်၍ မြန်မာနိုင်ငံအနေဖြင့် ၂၀၂၂ခုနှစ် အောက်တိုဘာလတွင် ဂျာမနီနိုင်ငံသို့ CMP အထည်ချုပ်၊ဖိနပ် နှင့် အခြားစက်ပစ္စည်း ကိရိယာများအပါအဝင် ပို့ကုန်ယူရို(၁၈၈.၁၂၇)သန်းဘိုး တင်ပို့မှုရှိခဲ့ပြီး ပို့ကုန်ပိုငွေ ယူရို(၁၈၃.၆၇၃) သန်း ရရှိခဲ့ပါသည်။

 

Source: https://www.destatis.de/EN/Press/2022/

 

 

မြန်မာစီးပွားရေးသံမှူး(ဘာလင်)

 

Category: International News