Local News

မြေပဲဆန်နှင့် ဆီကြိတ်ဖတ် ဈေးကွက်ဈေးနှုန်းအခြေအန

Last Updated:

နိုဝင်ဘာလတတိယပတ်တွင်မန္တလေးကုန်စည်ဒိုင်၌မြေပဲဆန်များပစ္စည်းအရည်အသွေးပေါ်မူတည်ပြီးအရောင်းအဝယ်ပုံမှန်ဖြစ်လျှက်ရှိကြောင်း၊မွေးမြူရေးအစာဖြစ်သည့်ပဲဖတ်မှာ အဝယ်လိုက်ပြီး အရောင်းအဝယ်သွက်နေဆဲဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာလ တတိယပတ်တွင် မန္တလေးကုန်စည်ဒိုင်၌ ဖြစ်ပေါ်လျှက်ရှိသည့် မြေပဲဆန်နှင့် ဆီကြိတ်ဖတ်ဈေးနှုန်းများမှာ-

S1 လုံးဆန် တစ်ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၈၀၀၀ မှ ၈၅၀၀၊ ယခင်တစ်ပတ် ကျပ် ၈၁၀၀မှ ၈၄၀၀၊ ယခင်လ ကျပ် ၇၈၀၀မှ ၈၄၀၀ဖြစ်သည်။ ယခင်တစ်ပတ်ထက် အနိမ့်စ ၁၀၀ ကျပ် ဈေးနိမ့်လာပြီး အမြင့်စ ၁၀၀ ကျပ်ခန့် ဈေးမြင့်လာကာ၊ ယခင်လထက် ကျပ် ၁၀၀ မှ ၂၀၀  ခန့်ဈေးမြင့်တက်လာသည်။

S1 ဆီဆန် တစ်ပိဿာလျှင်   ယခုတစ်ပတ် ကျပ် ၇၅၀၀ မှ ၇၉၀၀၊ ယခင်တစ်ပတ် ကျပ်  ၇၃၅၀ မှ ၇၈၀၀ ၊ ယခင်လ ကျပ်  ၇၁၀၀ မှ ၇၇၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ်  ၁၀၀ မှ ၁၅၀၊ ယခင်လထက် ကျပ် ၂၀၀ မှ  ၄၀၀ ခန့်ဈေးမြင့်တက်လာသည်။     

အနီလုံးဆန် တစ်ပိဿာလျှင်  ယခုတစ်ပတ် ကျပ်  ၈၀၀၀ မှ ၈၂၀၀ ၊ ယခင်တစ်ပတ် ကျပ်  ၈၁၀၀ မှ ၈၃၀၀ ၊ ယခင်လ ကျပ်  ၇၈၀၀ မှ ၈၁၀၀  ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ၁၀၀ ကျပ် ခန့် ဈေးမြင့်တက်လာပြီး၊ ယခင်လထက်  ကျပ် ၁၀၀ မှ ၂၀၀ ခန့် ဈေးမြင့်တက်လာသည်။     

မြေပဲဖတ် တစ်ပိဿာဈေးနှုန်းများမှာ ယခုတစ်ပတ် ကျပ် ၆၉၅၀မှ ၇၀၀၀၊ ယခင်တစ်ပတ် ကျပ် ၆၂၀၀ မှ ၆၆၀၀၊ ယခင်လကျပ် ၅၆၀၀ မှ ၅၇၀၀ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၄၀၀ မှ ၇၅၀၊ ယခင်လထက် ကျပ် ၁၃၀၀ မှ ၁၃၅၀ ခန့် ဈေးမြင့်လာသည်။

နှမ်းဖတ် တစ်ပိဿာဈေးနှုန်းများမှာ ယခုတစ်ပတ် ကျပ် ၄၄၀၀မှ ၄၅၀၀၊ ယခင်တစ်ပတ် ကျပ် ၄၁၀၀ မှ ၄၂၅၀၊ ယခင်လကျပ် ၃၄၀၀မှ ၃၅၅၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၂၅၀ မှ ၃၀၀ ၊ ယခင်လထက် ကျပ် ၉၅၀ မှ ၁၀၀၀ ခန့်ဈေးမြင့်လာသည်။

 နေကြာဖတ် တစ်ပိဿာဈေးနှုန်းများမှာ ယခုတစ်ပတ် ကျပ် ၃၄၀၀ မှ ၃၅၀၀၊ ယခင်တစ်ပတ် ကျပ် ၃၃၀၀ မှ ၃၄၀၀၊ ယခင်လ ကျပ် ၂၈၀၀ မှ ၃၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ၁၀၀ ကျပ်၊ ယခင်လထက် ကျပ် ၅၀၀မှ ၆၀၀ ခန့်ဈေးမြင့်လာသည်။

 မုန်ညှင်းဖတ် တစ်ပိဿာဈေးနှုန်းများမှာ ယခုတစ်ပတ် ၃၆၀၀ ကျပ်၊ယခင်တစ်ပတ် ကျပ် ၃၃၀၀ မှ ၃၄၀၀၊ ယခင် ကျပ် ၃၀၀၀မှ ၃၂၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၂၀၀ မှ ၃၀၀၊ ယခင်လထက် ကျပ် ၄၀၀ မှ  ၆၀၀ ခန့်ဈေးမြင့်တက်လာသည်။

Category: Local News