Local News

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်၊ (၆) လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက် အမှာစကားပြောကြား

Last Updated:

နေပြည်တော်၊ စက်တင်ဘာ ၁၄   ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့၊ (၀၈:၃၀) နာရီအချိန် တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ရုံးအမှတ် (၃) ၊ အစည်းအဝေးခန်းမ (၂) ၌ ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၆) လတာ ကာလအတွင်း လုပ်ငန်း ဆောင်ရွက်ချက်များနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးတွင်  လမ်းညွှန်မှာကြားချက်များအား ဝန်ထမ်းများသို့ ထပ်ဆင့်ရှင်းလင်း မှာကြားခြင်းနှင့် ဝန်ကြီးဌာန၏ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်၊ (၆) လပတ် လုပ်ငန်းအကောင် အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်အမှာ စကားပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၆) လတာ ကာလအတွင်း လုပ်ငန်းဆောင်ရွက် ချက်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေး တွင်လမ်းညွှန်မှာကြားချက်များအား  ဝန်ထမ်းများသို့ ထပ်ဆင့်ရှင်းလင်းမှာကြားခဲ့ပြီး ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့မှာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် မောင်းနှင်အား (Engine of Growth) ဖြစ် သည့်အတွက် အားလုံးအကျိုးခံစားရသော ကုန်သွယ်မှုဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး (Inclusive trade for national development) ကို ဝန်ကြီးဌာန၏ မျှော်မှန်းချက်အဖြစ်ထားရှိပြီး ဆောင်ရွက်ရေးနှင့် ယင်းမျှော်မှန်းချက်နှင့်အညီ ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များချမှတ်ရေး၊ မြန်မာ့ထုတ်ကုန်များ အရည်အသွေး ပိုမိုကောင်းမွန်ရေးနှင့် အရေအတွက်တိုးမြှင့်တင်ပို့နိုင်ရေး၊ ကုန်သွယ်မှုဆိုင်ရာလုပ်ထုံးလုပ်နည်းများအား ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ စည်းမျဉ်းစည်းကမ်းများနှင့်ကိုက်ညီပြီး ရှင်းလင်းလွယ်ကူမှုရှိစေရေးနှင့် မိမိနိုင်ငံ၏ အကျိုးစီးပွားကိုကာကွယ်ပြီး စျေးကွက်များ ပိုမိုရရှိရေး၊ ကုန်သွယ်ဖက်နိုင်ငံများနှင့် ကုန်သွယ်ဆက်ဆံမှုများ ပိုမိုတိုးတက်ကောင်းမွန်အောင် ကြိုးစားဆောင်ရွက်ရေးတို့ကို ဆွေးနွေးမှာကြားခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီး၊ ဦးညွန့်အောင်က လက်ရှိကုန်သွယ်မှုအခြေအနေများ၊ မိမိတို့ဝန်ကြီးဌာနမှ ပါဝင်ဆောင်ရွက်နေသည့် လုပ်ငန်းကော်မတီ များနှင့် ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ဝန်ကြီးဌာနမှ ဝန်ထမ်းများလိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများအား မှာကြား ခဲ့သည်။

ထို့နောက် အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနများမှညွှန်ကြားရေးမှူးချုပ်များက ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိုတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးမှ ဝန်ကြီးဌာန၏ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များအား ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ပါသည်။

အခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဦးစီးဌာနများမှ တာဝန်ရှိသူ (၈၄) ဦး တက်ရောက်ခဲ့ပြီး နယ်စပ်ကုန်သွယ်ရေးစခန်းတာဝန်ခံများ၊ တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူး (၄၀) ဦးတို့မှ Virtual စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

Category: Local News