International News

စီးပွားရေးနှင့်ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဦးအောင်နိုင်ဦး (၁၉)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲနှင့် စီးပွားရေးနှင့်ရင်နှီးမြှပ်နှံမှုပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် ဗွီဒီယိုမိန့်ခွန်းပေးပို့ ပါ၀င်တက်ရောက်

Last Updated:

(၁၉) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲနှင့် စီးပွားရေးနှင့်ရင်နှီးမြှပ်နှံမှုပွဲတော် ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ(၁၆)ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီး(ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့ရှိ Nanning International Exhibition and Convention Center ၌ Hybrid စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ စီးပွားရေးနှင့်ကူးသန်းရောင်း၀ယ်ရေး ၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဦးအောင်နိုင်ဦးသည် အာဆီယံနှင့် RCEP ဒေသတွင်းနိုင်ငံများမှ ဌာန ဆိုင်ရာ တာ၀န်ရှိသူများနှင့်အတူ ဗွီဒီယိုမိန့်ခွန်းပေးပို့ ပြောကြားခဲ့ပါသည်။

ဖွင့်ပွဲ အခမ်းအနားသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ် မစ္စတာဟန်ကျန့်၊ ကွမ်ရှီး(ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအုပ်ချုပ်ရေးမှူး၊ တရုတ်နိုင်ငံအခြေစိုက် အာဆီယံနိုင်ငံ များမှ သံအမတ်ကြီးများနှင့် ကောင်စစ်၀န်ချုပ်များနှင့် အာဆီယံ-တရုတ်ကုန်သည် လုပ်ငန်းရှင်များတက်ရောက်ခဲ့ကြပါသည်။ အာဆီယံနိုင်ငံများမှ အစိုးရအဖွဲ့အကြီးအကဲများ၊ ဒုတိယ ဝန်ကြီးချုပ်များ၊ ဝန်ကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့က ဗွီဒီယိုမိန့်ခွန်းများအား ပေးပို့ပြောကြားခဲ့ပါသည်။

ယခုကျင်းပသည့် (၁၉)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲကို စက်တင် ဘာလ ၁၆ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် မြန်မာအမျိုးသား ပြခန်းဆောင်ကို ကုန်စည်ပြခန်းမဆောင်နှင့် RCEP နိုင်ငံများ ပြခန်းဧရိယာတွင် မြန်မာနိုင်ငံကိုယ်စားပြု ပြခန်းတို့တွင်လည်းကောင်း၊ ကျောက်မျက်ရတနာများ၊ သစ်သားပရိဘောဂများ၊ လယ်ယာထွက်ကုန်များနှင့် စားသောက်ကုန်များစသည့် ပြခန်း(၃၀)ဖြင့် ပါ၀င်ပြသကြကြောင်း သတင်းရရှိပါသည်။

Category: International News