ဈေးကွက်ဈေးနှုန်း

တစ်ပတ်အတွင်း မတ်ပဲဈေးနှုန်း နှိုင်းယှဉ်ချက် (၂၂.၇.၂၀၂၀ မှ ၂၇.၇.၂၀၂၀)

Last Updated:

ဧရာဝတီတိုင်းဒေသကြီးမတ်ပဲဈေးနှုန်းသည် ယခင်သီတင်းပတ်ကာလအတွင်း အတက်အကျ တလှည်စီ ဖြစ်ပေါ်ခဲ့ပြီး သီတင်းပတ်နောက်ဆုံးရက်တွင် တစ်တင်းလျှင် ကျပ် ၃၂၀၀၀ ကျပ်ရှိခဲ့ သည်။ ဇူလိုင် ၂၂ တွင် တစ်တင်းလျှင် ကျပ် ၃၁၅၀၀ - ၃၁၈၀၀ သို့ပြန်လည်ကျဆင်းသွားသည်။ ဇူလိုင် ၂၃ တွင် ၃၁၄၀၀ - ၃၁၅၀၀ ဖြစ်ပြီး ဇူလိုင် ၂၄ မှ ၂၆ ထိ တစ်တင်းလျှင် ၃၁၁၀၀ -၃၁၀၀၀ ကျပ် သို့ တဖြည်းဖြည်းရောက်ရှိသွားသည်။ ဇူလိုင် ၂၇ တွင် ကျပ် ၃၀၅၀၀ ဖြစ်ပြီး အရောင်းအဝယ် အေးလျှက်ရှိသည်။ ယခင်သီတင်းပတ်ကာလနှင့်နှိုင်းယှဉ်လျှင် တစ်တင်းလျှင် ကျပ် ၁၅၀၀ ခန့်ကျ ဆင်းသွားသည်။

Covid 19 ကာလအတွင်း အိနိ္ဒယနိုင်ငံ၏ ပြည်တွင်းမတ်ပဲဈေးမြင့်တက်လာခြင်း မရှိစေရန် ထိန်းသိမ်းထားသောကြောင့် ပြည်ပအဝယ်ဈေးလည်းတက်မလာခြင်းဖြစ်ကြောင်း သိရှိရပြီး ပြည်ပ အဝယ်မရှိသောရက်များတွင် မတ်ပဲဈေးကျဆင်းလျှက်ရှိသည်။ ယခုနှစ် အိနိ္ဒယနိုင်ငံတွင် မတ်ပဲ စိုက်ပျိုးမှုများပြားပြီး မိုးရွာသွန်းမှုများပြားကာ စိုက်ပျိုးရေလုံလောက်စွာရရှိကြောင်း၊ စက်တင်ဘာ လဆန်းပိုင်းတွင် မတ်ပဲပေါ်ပြီး အထွက်နှုန်းကောင်းနိုင်သည်ဟု ခန့်မှန်းထားကြောင်း သိရှိရသည်။

 

ဧရာကုန်သွယ်မှုဗဟိုဌာန