International News

ဗီယက်နမ်နိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် လေကြောင်းခရီးသည် ၇၈.၃ သန်းရှိမည်ဟု ခန့်မှန်း

Last Updated:

ဗီယက်နမ် မြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့ (CAAV) မှ ၂၀၂၄ ခုနှစ်အတွင်း လေကြောင်းဖြင့် ပျံသန်းသွားလာသည့် ခရီးသည် ၇၈.၃ သန်းရှိမည်ဟု ခန့်မှန်းထားပြီး တစ်နှစ်ထက် တစ်နှစ် ၇.၇ ရာခိုင်နှုန်း တိုးလာမည်ဟု မျှော်မှန်းထားကြောင်း သိရှိရပါသည်။

 ယခုနှစ်တွင် နိုင်ငံတကာဈေးကွက်သည် ပြည်ပခရီးသွား ၄၃.၅ သန်းခန့် ဝင်ရောက်ကာ ပြန်လည်ကောင်းမွန်လာမည်ဟု ခန့်မှန်းထားပြီး၊ တစ်နှစ်ထက်တစ်နှစ် ၃၃.၄ ရာခိုင်နှုန်း တိုးလာကာ Covid-19 ကူးစက်ရောဂါ မဖြစ်ပွားမီကာလနှင့် နှိုင်းယှဉ်ပါက ၄.၃ ရာခိုင်နှုန်း တိုးလာမည်ဟု ခန့်မှန်းထားသည်။

 သို့သော် ပြည်တွင်းဈေးကွက်သည် ဝယ်လိုအား အားနည်းခြင်းနှင့် လေယာဉ်မလုံလောက်မှု ကြောင့် ယခုနှစ်တွင် အနည်းငယ်ကျဆင်းမည်ဟု ခန့်မှန်းရသည်။

ယခုနှစ် ပထမ ၅ လတွင် ခရီးသည် ၃၈.၁ သန်း ရောက်ရှိလာပြီး ယခင်နှစ်ထက် ၆.၇ ရာခိုင်နှုန်း တိုးမြင့်လာခဲ့သည်။အဆိုပါခရီးသည်များအနက် နိုင်ငံတကာခရီးသည် ၂၁.၁ သန်းရှိပြီး ပြည်တွင်း ခရီးသည် ၁၇ သန်းရှိကြောင်း သိရှိရပါသည်။

လေကြောင်းသယ်ယူပို့ဆောင်ရေး စျေးနှုန်းကြီးမြင့်မှုသည် ပြည်တွင်းဈေးကွက် ကျဆင်းမှု ၏ အဓိကအကြောင်းရင်းတစ်ခုဖြစ်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်ခဲ့ကြသည်။ စျေးနှုန်းများ သည် ယခုနှစ်ပထမလေးလတွင် တစ်နှစ်ထက်တစ်နှစ် ၁၅ ရာခိုင်နှုန်းမှ ၁၇ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း ဖော်ပြထားပါသည်။

 

 

Source: VN Economy

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News