ဈေးကွက်ဈေးနှုန်း

တစ်ပတ်အတွင်း မတ်ပဲဈေးနှုန်း (၈.၁၀.၂၀၂၀ မှ ၁၄.၁၀.၂၀၂၀)

Last Updated:

ယခင်သီတင်းပတ်က အိန္ဒိယနိုင်ငံ DGFT က မတ်ပဲတန်ချိန် တစ်သိန်းခွဲ တင်သွင်းခွင့်ပြုခြင်း ကြောင့်မတ်ပဲ ဈေးနှုန်းတက်လာပြီး တစ်တင်းလျှင် ကျပ် ၃၉၀၀၀ ထိရောက်ရှိလာခဲ့သည်။ နောက်ရက်များတွင်လည်း မတ်ပဲဈေးနှုန်းဆက်တက်လာခဲ့ရာ အောက်တိုဘာလ ၈ ရက်နေ့တွင် တစ်တင်းလျှင် ကျပ် ၄၀၀၀၀-၄၀၂၀၀ ဖြင့်လည်းကောင်း၊ အောက်တိုဘာလ ၉ ရက်နေ့တွင် ကျပ် ၄၁၀၀၀-၄၁၃၀၀-၄၁၆၀၀ အသီးသီးဖြင့်လည်းကောင်း တရိပ်ရိပ်ဈေးတက်လာသည်။ ၁၀ ရက်နေ့တွင် ကျပ် ၄၁၀၀၀၊ ၁၁ ရက်နေ့တွင် ကျပ် ၃၉၅၀၀-၄၀၀၀၀၊ ၁၂ ရက်နေ့တွင် ကျပ် ၃၉၂၀၀-၃၉၅၀၀၊ ၁၃ ရက်နေ့တွင် ကျပ် ၄၀၃၀၀၊ ၁၄ ရက်နေ့တွင် ကျပ် ၃၉၈၀၀-၄၀၀၀၀ အသီသီး ပေါက်ဈေးရှိခဲ့ပါသည်။

တစ်တင်းလျှင် ကျပ် ၄၁၆၀၀ ထိဈေးတက်လာခဲ့ပြီးမှ ရက်အနည်းငယ်အတွင်း ကျပ် ၄၀၀၀၀ အောက်သို့ပြန်လည်ကျဆင်းသွားခြင်းဖြစ်သည်။ မတ်ပဲသင်္ဘောတင်ရက်ဖြစ်၍ ဈေးအနည်းငယ် ပြန်လည်ကျဆင်းသွား သော်လည်း အိန္ဒိယနိုင်ငံ၏ပဲလိုအပ်ချက်အရ မတ်ပဲဈေးထပ်တက်လာဦး မည်ဟု ခန့်မှန်းလျှက်ရှိကြသည်။

ယခင်ကပဲတင်သွင်းခွင့်ပြုပြီးနောက် တင်သွင်းခွင့်ပါမစ်ကို တစ်လခန့်အချိန်ယူချထားပေး ခဲ့သော်လည်း ယခုအခါ တင်သွင်းခွင့်ပါမစ်ကို (၅)ရက်အတွင်းချထားပေးခြင်းကြောင့် အိန္ဒိယနိုင်ငံ၏ ပဲလိုအပ်ချက်ကိုသိရှိနိုင်ပြီး မြန်မာမတ်ပဲ ပြည်တွင်းလက်ကျန်အနေနှင့် အဝယ်အရောင်း အခြေ အနေများအရ မတ်ပဲဈေးဆက်လက်တက်လာနေဦးမည် ဖြစ်ကြောင်းခန့်မှန်းလျှက်ရှိကြသည်။

 

ဧရာကုန်သွယ်မှုဗဟိုဌာန