ဈေးကွက်ဈေးနှုန်း

တစ်ပတ်အတွင်း မတ်ပဲဈေးနှုန်း (၈.၇.၂၀၂၀ မှ ၁၄.၇.၂၀၂၀)

Last Updated:

ယခင်သီတင်းပတ်ကာလအတွင်း ဧရာဝတီတိုင်းဒေသကြီးမတ်ပဲဈေးနှုန်းသည် အကျဘက် သို့ဦးတည်ခဲ့ပြီး တစ်တင်းလျှင် ကျပ် ၃၂၀၀၀ မှ ကျပ် ၃၁၅၀၀ ကျပ်ထိကျဆင်းကာ သီတင်းပတ် နောက်ဆုံးရက်တွင် ကျပ် ၃၁၉၀၀ ရှိခဲ့ပါသည်။ ယခုသီတင်းပတ်ကာလ ဇူလိုင် ၈ ရက်နေ့ထိ တစ်တင်းလျှင် ကျပ် ၃၁၆၀၀ မှ ၃၁၉၀၀ အတွင်းရှိနေပြီး ဇူလိုင် ၉ ရက်တွင် တစ်တင်းလျှင် ကျပ် ၃၁၉၀၀ မှ ၃၂၀၀၀ ထိတက်ရိပ်ပြလာခဲ့ပါသည်။ ထိုရက်မှ စတင်ကာ မတ်ပဲဈေးနှုန်းသည် တစ်နေ့ထက်တစ်နေ့ အနည်းငယ်စီဆက်လက်ကျဆင်းလာခဲ့သည်။ ဇူလိုင်လ ၁၀ ရက်နေ့တွင် ကျပ် ၃၁၈၀၀-၃၁၆၀၀၊ ဇူလိုင်လ ၁၁ ရက်နေ့တွင် ကျပ် ၃၁၆၀၀-၃၁၃၀၀၊ ဇူလိုင်လ ၁၂ ရက်နေ့တွင် ဈေးအလွန်အမင်း ကျဆင်းသွားပြီး မတ်ပဲတစ်တင်းဈေးနှုန်း ၃၀၂၀၀ သို့ ရောက်ရှိသွားသည်။ ထို့နောက် ၁၃ ရက်နေ့တွင် ကျပ် ၃၀၃၀၀၊ ၁၄ ရက်နေ့တွင် ကျပ် ၃၀၇၀၀ အသီးသီးရှိခဲ့သည်။

ယခင်သီတင်းပတ်ကာလနှင့်နှိုင်းယှဉ်လျှင် ကျပ် ၁၀၀၀ ဝန်းကျင်ခန့် ဈေးကျသွားကြောင်း တွေ့ရသည်။ မတ်ပဲလက်ဝယ်ရှိသူများလည်း ဈေးနှုန်းအတက်ကို ဆက်လက်စောင့်ဆိုင်းလျှက်ရှိ သောကြောင့် မတ်ပဲအရောင်းအဝယ် အေးလျှက်ရှိသည်။ မြန်မာနိုင်ငံ၏ တစ်နိုင်ငံလုံးမတ်ပဲ လက်ကျန် တန်ချိန် (၁.၅) သိန်းခန့်သာရှိပြီး မတ်ပဲအသစ်သည်လည်း  ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ တွင်မှ ထွက်ရှိမည်ဖြစ်ရာ အိန္ဒိယနိုင်ငံ၏ လက်ရှိရာသီဥတုအခြေအနေနှင့် စိုက်ပျိုးဧရိယာများ ပျက်စီးခဲ့သည့် အခြေအနေများအရ မြန်မာမတ်ပဲကို ဈေးပေးဝယ်ယူရမည့် ဖြစ်သောကြောင့် မြန်မာ မတ်ပဲတောင်သူများနှင့် မတ်ပဲလက်ဝယ်ရှိသူကုန်သည်များက ဈေးအတက်ကိုဆက်လက် မျှော်လင့် နေကြောင်း သိရှိရသည်။

 

ဧရာကုန်သွယ်မှုဗဟိုဌာန