ဈေးကွက်ဈေးနှုန်း

တစ်ပတ်အတွင်းမတ်ပဲဈေးနှုန်းပြောင်းလဲမှု (၂၈.၇.၂၀၂၀ မှ ၃.၈.၂၀၂၀)

Last Updated:

ယခင်သီတင်းပတ်ကာအတွင်း ဧရာဝတီတိုင်းဒေသကြီးမတ်ပဲဈေးနှုန်းသည် အကျဘက်တွင် သာရှိပြီး သီတင်းပတ်နောက်ဆုံးရက်များတွင် တစ်တင်းလျှင် ကျပ် ၃၀၅၀၀ ဖြစ်ပါသည်။ ကျပ် ၃၁၈၀၀ မှ ၃၀၅၀၀ ထိကျဆင်းသွားခြင်းဖြစ်ပြီး အရောင်းအဝယ်ဖြစ်မှု နည်းပါးခဲ့သည်။ ဇူလိုင် ၂၈ တွင် တစ်တင်းလျှင် ကျပ် ၃၀၉၀၀ မှ ၃၁၀၀၀ - ၃၁၂၀၀ ကျပ်နှုန်းဖြစ်ပြီး ဇူလိုင် ၃၀ ရက်နေ့ထိ ဤဈေးနှုန်းဝန်းကျင်တွင် တည်ရှိနေသည်။ ဇူလိုင် ၃၁ တွင် ကျပ် ၃၁၀၀၀ - ၃၁၁၀၀ ဖြစ်ပြီး ဩဂုတ်လ ၁ရက်နေ့တွင် ၃၀၉၀၀ - ၃၁၀၀၀၊ ဩဂုတ်လ ၂ ရက် ၃ ရက်နေ့များတွင် ၃၁၁၀၀ - ၃၁၂၀၀ ကျပ် အသီးသီးဈေးနှုန်းဖြစ်ပေါ်ခဲ့ပါသည်။ ယခင် ဇွန်လမှ ယခုထိ မတ်ပဲဈေးနှုန်းသည်  တစ်တင်းလျှင် ကျပ် ၃၂၅၀၀ နှင့် ၃၀၀၀၀ ကြားတွင်သာ အတက်အကျဖြစ်ပေါ်လျှက်ရှိပြီး အရောင်းအဝယ်နည်းပါး လျှက်ရှိသည်။

အိနိ္ဒယနိုင်ငံ တွင် Covid 19 ရောဂါပိုးပျံ့နှံ့မှုများကြောင့် အရောင်းအဝယ်တည်ငြိမ်မှုမရှိပဲ အဝယ်နည်းနေသောကြောင့် ပြည်တွင်းမတ်ပဲဈေးနှုန်းများလည်း ကျဆင်းလျှက်ရှိသည်။ ယခင်နှစ် တင်ပို့မှုနှင့် ကာလတူနှိုင်းယှဉ်လျှင် တင်ပို့မှုများစွာကျဆင်းမသွားသော်လည်း အိနိ္ဒယ နိုင်ငံ၏  Covid ကူးစက်မှုနှုန်းမြင့်မားသည့် ကာလများတွင် ဝယ်ယူတင်သွင်းမှုကျဆင်းသွား ကြောင်း၊ အိနိ္ဒယ နိုင်ငံသို့ မြန်မာနိုင်ငံမှ မတ်ပဲတင်သွင်းရမည့် ကာလကို ယခင်အတိုင်း ၂၀၂၀ ပြည့်နှစ် ဧပြီလမှ ၂၀၂၁ ခုနှစ်မတ်လအထိ ပြန်လည်သတ်မှတ်ပေးရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက တောင်းဆိုထားကြောင်း သိရသည်။

 

ဧရာကုန်သွယ်မှုဗဟိုဌာန