International News

တရုတ်နိုင်ငံ၊ ဟိုင်နန်နှင့် ပေကျင်းတွင် RCEP Business Services Center ဖွင့်လှစ်

Last Updated:

RCEP Business Services Center ဖွင့်ပွဲအခမ်းအနားကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟိုင်နန်ပြည်နယ်၊ ဟိုက်ခိုမြို့၊ ဟိုင်နန်အပြည်ပြည်ဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဗျူရို၊ ညီလာခံ ခန်းမ၌ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့၊ နံနက်ပိုင်းတွင် Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ရာ စီးပွား‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားအစီအစဉ်အရ တရုတ်နိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အာရှရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် Mr.Guo Chunshui မှ အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားပြီး မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်သည် တရုတ်-အာဆီယံ ဗဟိုဌာန၊ RCEP အဖွဲ့ဝင်နိုင်ငံများ၏ ကုန်သွယ်မှုမြှင့်တင်‌ရေးအဖွဲ့များမှ တာဝန်ရှိသူများ၊ RCEP နိုင်ငံသံရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများမှ စီးပွားရေးသံမှူးများနှင့်အတူ ပါဝင်ဆွေးနွေးပြောကြားရာ တွင် မြန်မာနိုင်ငံသည် RCEP သဘောတူညီချက်ကို ယခုနှစ် မေလတွင် စတင်အသက် ဝင်ခဲ့ကြောင်း၊ RCEP အဖွဲ့ဝင်အဖြစ် တရုတ်နိုင်ငံက ပထမဆုံး အသိအမှတ်ပြုခဲ့ခြင်းအပေါ် ကျေးဇူးတင်ရှိပါကြောင်းနှင့် RCEP မူဘောင်အောက်တွင် မြန်မာနိုင်ငံအနေဖြင့် ပူးပေါင်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

RCEP Business Services Center ကို ဟိုက်ခိုမြို့နှင့် ပေကျင်းမြို့တို့တွင် တာဝန်ရှိသူများ တပြိုင်နက် ဖွင့်လှစ်ပေးခဲ့ပါသည်။ RCEP Business Services Center သည် တရုတ်နိုင်ငံ၊ ဟိုင်နန် ပြည်နယ်သို့ RCEP နိုင်ငံများမှ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအတွက် တရုတ်နိုင်ငံ၏ ပြတင်းပေါက်အဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး RCEP နိုင်ငံများ၏ ထုတ်ကုန်များအတွက် စျေးကွက်တစ်ခုအဖြစ် ဖန်တီးပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Category: International News