International News

တရုတ်ပြည်တွင်းစားအုန်းဆီဈေးကွက် အခြေအနေ

Last Updated:

မတ်လ (၁၄) ရက်နေ့တွင်  ပဲပုပ်ဆီနှင့် စားအုန်းဆီဈေးကွက်အတွင်း တစ်ဟုန်ထိုးကျဆင်းခဲ့ပါသည်။ ၎င်းနေ့ရက်မတိုင်မီက  ၎င်းဆီ (၂) မျိုး၏ ဈေးနှုန်းများ အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်။ တရုတ်နိုင်ငံ၏ နိုင်ငံအဆင့် အရန်သိုလှောင်ရန် မုန်ညင်းဆီနှင့် ပဲပုပ်ဆီများ ကို ဆက်တိုက်လေလံခေါ်ဝယ်ယူမှု ယခုကဲ့သို့စတင်၍ ကျဆင်းလာခြင်း ဖြစ်ပါသည်။ စားအုန်းဆီမှာ တစ်နေ့တည်းမှာပင် (၅) ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ပြီး၊ ပဲပုပ်ဆီမှာ (၁) ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ပါသည်။ သို့ရာတွင် အစိုးရ၏ ဝယ်ယူမှုများပြီးနောက် ဈေး အမြင့်ပိုင်းသို့ ပြန်လည်တက်လာဖွယ်ရှိပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ (၁၄-၃-၂၀၂၁)     

Category: International News