Local News

ကျိုက်မရော ဒေသထွက် ယိုးဒယားဒူးရင်းသီးမျိုးများ အထွက်နှုန်းကောင်း၍ စျေးကောင်းရနေ

Last Updated:

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်၌ ဒေသတွင်း စီးပွားဖြစ်စိုက်ပျိူးထားသော ယိုးဒယားဒူရင်းသီးများ ယခုနှစ်တွင် အထွက်နှုန်းကောင်းမွန်ပြီး စျေးကွက်အတွင်း ဝယ်လိုအားမြင့်တက်လျက်ရှိသဖြင့် စျေးကောင်းရရှိနေကြောင်း သိရသည်။

ယိုးဒယားဒူးရင်းသီးမျိုးများသည်အလုံးကြီးပြီး အသားထူ၍အရသာမှာလည်း ချိုမွှေး ကောင်းမွန်သဖြင့် အရည်အသွေးမြင့်မားသောကြောင့် စားသုံးသူများအကြား ကြိုက်နှစ်သက်မှုများသဖြင့် စီးပွားဖြစ်စိုက်ပျိုးသူများ ဝင်ငွေတိုးတက်နိုင်စေသည့်အပြင် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူဖြစ်လျက်ရှိပါသည်။

စိုက်ပျိုးရေးကဏ္ဍ ဖွံဖြိုးစေသည့်အတွက် ယခင်ကထက် အဆိုပါဒူးရင်းသီးမျိုးများကို စိုက်ပျိုးသူ ပိုမိုများလာကြောင်းသိရှိရပြီး  ဒူရင်းသီးကို ကီလိုအချိန်ဖြင့်ရောင်းချနေပြီး ဒူးရင်းသီး တစ်ကီလိုလျှင် (၁၅၀၀၀) ကျပ်ဖြစ်ပြီး ဒူးရင်းသီးအကြီးတစ်လုံးကို ၄ ကီလို ၃ ကီလို အစားစားရှိသဖြင့် တစ်လုံးလျှင် (၃၀၀၀၀) ကျပ်မှ (၄၀၀၀၀) ကျပ်ထိ ရရှိသဖြင့် မိသားစု ဝင်ငွေတိုးပွားပီး ယခုနှစ်တွင် ယခင်နှစ်ကထက် စိုက်ပျိုးသူများပြီး ဒေသထွက်ကုန် တိုးလျက်ရှိကြောင်း ဒူးရင်းခြံပိုင်ရှင် ဦးစိုးမြင့်ထံမှ သိရသည်။

Source:   https://www.doca.gov.mm/

Category: Local News