International News

တရုတ်ပြည်တွင်း၌ ယူရီးယားဈေးကွက် အနည်းငယ် ပြန်လည်ဦးမော့လာ

Last Updated:

တရုတ်နိုင်ငံ၌ ကျောက်မီးသွေးကုန်ချောဈေးနှုန်းမှာ အမြင့်ပိုင်းတွင်ရှိပြီး၊ သဘာဝဓာတ်ငွေ့ရည်ဈေးနှုန်း အနည်းငယ်ကျဆင်းကာ၊ ကုန်ကျစရိတ်ဘက်၌ ယေဘုယျအခြေအနေသာ ရှိနေပါသည်။ ဝယ်လိုအားဘက်တွင် လယ်ယာစိုက်ပျိုးရေးဘက်မှ ဝယ်လိုအားမှာ စောင့်ကြည့်နေဆဲဖြစ်သော်လည်း စက်မှုလုပ်ငန်းများဘက်မှ ဝယ်လိုအား တိုးမြင့်လာပါသည်။ နွေဦးရာသီထွန်ယက်ချိန်နှင့်အတူ တရုတ်ပြည်တွင်းဓာတ်မြေဩဇာ ဝယ်လိုအား အမြင့်ဆုံးအချိန် စတင်ရောက်ရှိလာတော့မည်ဖြစ်ရာ ကုန်သည်များဘက်မှ လိုက်လံ ဝယ်ယူနေသည့် အနေအထားဖြစ်ပါသည်။

ဆောင်းရာသီအိုလံပစ်ပွဲတော်ပြီးစီးသွားပြီးနောက် ကွန်ပေါင်းဓာတ်မြေဩဇာစက်ရုံများက ထုတ်လုပ်မှုကို တဖြည်းဖြည်း ပြန်လည် စတင်လာကြပြီဖြစ်ပါသည်။  ရောင်းလိုအားဘက်တွင် တစ်နေ့လျှင် ယူရီးယားတန်ချိန် (၁၆၀,၀၀၀) ကျော် ရောင်းအားရှိနေရာ၊ ရောင်းလိုအားလုံလောက်ပါသည်။ ခြုံငုံကြည့်ရလျှင် ဝယ်လိုအားနှင့် ရောင်းလိုအားဘက် လုံလောက်မျှတနေပြီး၊ ထုတ်လုပ်မှု ကုန်ကျစရိတ်ပိုင်းတွင် ယေဘုယျရှိနေသည့်အတွက် ယူရီးယားဈေးနှုန်း အနာဂတ်တွင် အနည်းငယ်သာတက်နိုင်မည်ဟု ခန့်မှန်းရ ပါသည်။ ထုတ်လုပ်သူများဘက်မှ ယူရီးယားဈေးနှုန်းအပြောင်းအလဲကို အောက်ဖော်ပြပါဇယားတွင် တွေ့နိုင်ပါသည်-

ထုတ်လုပ်သူ

၁၀-၃-၂၀၂၂ ရက်နေ့ဈေး

(ယွမ်/တန်)

၁၁-၃-၂၀၂၂ ရက်နေ့ဈေး (ယွမ်/တန်)

ပြောင်းလဲမှု

(ယွမ်/တန်)

Shandong ruixing

,၉၀၀

,၉၀၀

-

Yangmei pingyuan

,၈၉၀

,၈၉၀

-

Xiangcheng sanan

,၉၅၀

,၉၅၀

-

Hualu hengsheng

,၈၅၀

,၈၈၀

+၃၀

 

 

 

 

 

 

 

 

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

Source:  SunSirs (၁၁-၃-၂၀၂၂)

Category: International News