International News

ထိုင်းနိုင်ငံ Joint Standing Committee on Commerce, Industry and Banking (JSCCIB) ပူးတွဲအဖွဲ့က ၂၀၂၀ တွင် စီးပွားရေးတိုးတက်မှုနှုန်း (၂ ရာခိုင်နှုန်း) အထိ ကျဆင်းနိုင်ကြောင်းပြောကြား

Last Updated:

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး၊ စက်မှုနှင့် ဘဏ်တို့ပါဝင်သော အမြဲတမ်းပူးတွဲ ကော်မတီ Joint Standing Committee on Commerce, Industry and Banking (JSCCIB) အနေဖြင့် ၂၀၂၀ ခုနှစ်အတွက် GDP တိုးတက်မှုအားကို ရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် မူလခန့်မှန်းချက်ဖြစ်သော (၂.၅-၃%) မှ (၂-၂.၅%) သို့ လျှော့ချခဲ့ပါသည်။ ပူးပေါင်းအဖွဲ့အနေဖြင့် ပြည်ပတင်ပို့မှု ခန့်မှန်းချက်အား ငွေဖေါင်းပွမှုနှုန်း (၀.၈-၁.၅%) ဖြင့် ( ၀-၂% ) ကျဆင်းမည့်အပေါ် မပြောင်းလဲဘဲရှိနေ ပါသည်။ ၎င်းမှာ ( JSCCIB) အနေဖြင့် ပထမဆုံးအဆင့်လျှော့ချခြင်း ဖြစ်ပါသည်။ ယခင်ခန့်မှန်းချက်အား ဇန်နဝါရီလတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။

ထိုင်းစက်မှုလုပ်ငန်းရှင်များအသင်း ဉက္ကဌ Supant Mongkolsuthree က ယခု ဗိုင်းရပ်စ် ဖြစ်ပွားပျံ့နှံ့မှုသည် ထိုင်းစီးပွားရေးအပေါ် ဖိအားပေးရန်နောက်ဆုံး အန္တရာယ်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထိုင်း GDP အတွက် အဓိက မောင်းနှင်အားသော့ချက်ဖြစ်သော ခရီးသွားလုပ်ငန်း၊ ပို့ကုန်တင်ပို့မှုနှင့် ထောက်ပံ့ပို့ဆောင် ရေးလုပ်ငန်းများကို ထိခိုက်စေကြောင်း၎င်းက ပြောကြားခဲ့ပါသည်။

(JSCCIB)မှ ဗိုင်းရပ်ဖြစ်ပွားမှု (၃) လကျော် ဆက်ဖြစ်မည်ဆိုပါက ခရီးသွားကဏ္ဍအနေဖြင့် အကြမ်းဖျင်းဘတ်ငွေ (၁၀၈) ဘီလီယံဆုံးရှုံးနိုင်ကြောင်း ခန့်မှန်းထား ပါသည်။ အကယ်၍ ထိုင်းနိုင်ငံအနေဖြင့် (၆)လကြာဗိုင်းရပ်စ် ကူးစက်ခံရမည်ဆိုပါကစုစုပေါင်းဘတ်ငွေ (၂၂၀) ဘီလီယံဆုံးရှုံးမည်ဖြစ်ပါသည်။ ပြည်ပတင်ပို့မှု ကဏ္ဍ အနေဖြင့် ယခုနှစ်အတွက် ဘတ်ငွေ (၄၄) ဘီလီယံ ခန့်ဆုံးရှုံးနိုင်ကြောင်း၊ အကြောင်းမှာ တရုတ်နိုင်ငံအနေဖြင့်ထိုင်းနိုင်ငံမှ သယ်ယူပို့ဆောင်မှုကို ကန့်သတ်ထား ခြင်းကြောင့်ဖြစ်ပါသည်။

၎င်းက ထိုင်းနိုင်ငံသည် လေထုညစ်ညမ်းမှု (PM2.5)နှင့် ဘတ်ငွေတန်ဖိုးမြင့်တက်မှုနှင့် ၂၀၂၀ ဘတ်ဂျက်နှောင့်နှေးမှုစသည်တို့နှင့် ရင်ဆိုင်နေရကြောင်းပြောကြားခဲ့ ပါသည်။ အဆိုပါစွန့်စားရမှုအန္တရာယ်များက ရင်းနှီးမြှုပ်နှံမှုနှင့်ဝယ်ယူနိုင်စွမ်းအပေါ် ယေဘူယျအားဖြင့် ယုံကြည်မှုလျှော့နည်းစေပါသည်။

(JSCCIB) အနေဖြင့် ထိုင်း GDP အပေါ် အနှုတ်လက္ခဏာဆောင်သောအမြင်ပိုရှိသော် လည်း အချို့အဖွဲ့ဝင်များကမူ အဆင့်လျှော့ချခြင်းကို သဘောမတူကြပါ။ ထိုင်း ကုန်သည်ကြီးများအသင်း ဉက္ကဌ Kalin Sarasin က တရုတ်ခရီးသွားများအနေဖြင့် နှစ်စဉ်ဝင်ရောက်သော နိုင်ငံခြားခရီးသွား (၃၈-၃၉)သန်း ၏ (၂၈%) ကို ကိုယ်စားပြုနေကြောင်းနှင့် ဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားနေစဉ် ကျဆင်းနေကြောင်းပြောကြားခဲ့ပါသည်။

အဖွဲ့အနေဖြင့် အစိုးရ၏ နိုင်ငံခြားသားခရီးသွား ဧည့်သည်များအတွက် ယခုကာလအတွင်း ငွေသားကူပွန်အစီအစဉ်ကဲ့သို့သော ခရီးသွားကဏ္ဍအတွက် အားပေး မြှင့်တင်သည့်အစီအမံများ စတင်မိတ်ဆက်ဆောင်ရွက်ခြင်းကိုသဘောတူညီပါသည်။ အစိုးရအနေဖြင့်ဗိုင်းရပ်စ်ကြောင့် ထိခိုက်ခံစားနေရသော ပို့ကုန်တင်ပို့သူများ ကိုလည်း တရုတ်ကပိတ်ထားသော မြို့ကြီးများနေရာတွင် အစားထိုးတင်ပို့နိုင်မည့် ဈေးကွက်သစ်များအစီအမံများကိုလည်း စတင်မိတ်ဆက်ထောက်ပံ့ သင့်ပါသည်။

ထိုင်းနိုင်ငံမှ တရုတ်နိုင်ငံသို့ ကုန်ပစ္စည်းတင်ပို့မှုမှာ စုစုပေါင်းပို့ကုန်တန်ဖိုး၏ (၁၂ %) ရှိပြီး၊ အမေရိကန်ဒေါ်လာ (၂၉.၂) ဘီလီယံရှိပါသည်။ အဓိက တင်ပို့ကုန်ပစ္စည်း များမှာ ပလပ်စတစ်အိပ်ရာ ကုတင်များ၊ ရာဘာ၊ အစားအစာနှင့် ပြုပြင်ထုတ်လုပ်ထားသည့် အစားအစာများ၊ သစ်သီးများနှင့် ဓါတုဗေဒပစ္စည်းများဖြစ်ပါသည်။ ထိုင်းနိုင်ငံသို့တရုတ်နိုင်ငံမှ တင်သွင်းသော ကုန်ပစ္စည်းများမှာ စက်ပစ္စည်းများ၊ အိမ်သုံးပစ္စည်းများ၊ ဓါတုဗေဒပစ္စည်းများဖြစ်ပြီး စုစုပေါင်းသွင်းကုန်တန်ဖိုး၏ (၂၀%) တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ(၅၀.၃)ဘီလီယံရှိပါသည်။

Mr. Kalin က အစိုးရ အနေဖြင့် ရင်းနှီးမြှုပ်နှံမှုများကိုအရှိန်မြှင့်သင့်ကြောင်း၊ ၂၀၂၀ခုနှစ် ဘတ်ဂျက်ဉပဒေကြမ်းအား အတည်ပြုသင့်ကြောင်း၊ အကြောင်းမှာ အဆိုပါ ကိစ္စ (၂) ရပ်လုံးက တိုင်းပြည်၏ စီးပွားရေးအား အဆိုးဆုံးမြင်ကွင်းမှ လွတ်မြောက်စေနိုင်သောကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ)

Source: Bangk Post                                  

Category: International News