ဈေးကွက်ဈေးနှုန်း

ပဲမျိုးစုံတင်ပို့မှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးအထူးလုပ်ငန်းအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး

Last Updated:
အိန္ဒိယနိုင်ငံမှ တရားရုံးခွင့်ပြုချက်ဖြင့် တင်သွင်းနေသည့် မတ်ပဲနှင့်ပဲစင်းငုံတို့အားအိန္ဒိယ နိုင်ငံအကောက်ခွန်ဌာနမှ ရပ်ဆိုင်းလိုက်ခြင်းကြောင့် ပြည်တွင်းပဲဈေးနှုန်းများကျဆင်းမှုမရှိစေရေး ဆက်လက်ဆောင်ရွက်မည့်ကိစ္စနှင့်ပတ်သက်၍ ပဲမျိုးစုံတင်ပို့မှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး အထူးလုပ် ငန်းအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပဲမျိုးစုံတင်ပို့မှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး အထူးလုပ် ငန်းအဖွဲ့၊ အဖွဲ့ခေါင်းဆောင်စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကျွမ်းကျင်သူဦးတိုး အောင်မြင့်၊ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချူပ်၊မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူး များ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ UMFCCI ၊ မြန်မာနိုင်ငံပဲမျိုးစုံနှင့်နှမ်းကုန်သည်များအသင်း ၊ ရန်ကုန်တိုင်းဒေသကြီး (ဘုရင့်နောင်ကုန်စည်ဒိုင်)၊ စီးပွားရေးပညာရှင်များ တောင်သူကိုယ်စားလှယ် များဖြင့် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့ (စနေနေ့)တွင် ရန်ကုန်မြို့ရှိ ရွှေဇမ္ဗူ River View အိမ်ရာတွင်ကျင်းပပြုလုပ်ခဲ့ပါသည်။